အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများအား ဆက်လက်၍ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်(၂၈)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အဖွဲ့ဝင်များသည်  ယနေ့နံနက် (၈:၀၀)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများသို့ သွားရောက်၍ GYM အားကစားခန်းမ၊ စားပွဲ တင်တင်းနစ် အားကစားခန်းမနှင့် တင်းနစ်အားကစားကွင်း တို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားခန်းမများ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများ အားကစားကို စိတ်လက်ပေါ့ပါးစွာ လာရောက်ကစားနိုင်စေရေးအတွက် သန့်ရှင်းရေး အမြဲတမ်း ပြုလုပ်ဆောင်ရွက်ထားကြရန်နှင့် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထိုမှတဆင့် ပြည်‌ထောင်စုဝန်ကြီးသည် သာယာဝတီ မိုးလုံလေလုံအားကစားခန်းမနှင့် သာယာဝတီခရိုင် အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘောလုံးအားကစားကွင်း စိမ်းလန်းစိုပြေစေရေးအတွက် ရေဖျန်းစနစ် များ အဆင်ပြေစေရေး ဂရုစိုက်ဆောင်ရွက်ရန်လိုကြောင်း၊ ပြေးလမ်းတွင် သဲခင်းရန်နှင့် ပွဲကြည့်စင်အား (အသစ်) ပြန်လည်တည်ဆောက်နိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး မြို့နယ်အားကစားကွင်းအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ  မိုးလုံလေလုံ အားကစားခန်းမအတွင်း ကြမ်းခင်းများ ပျက်စီးနေမှုအား အသစ်ပြန်လည် ပြုပြင်မွမ်းမံနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဝန်ထမ်းများအားတွေ့ဆုံ၍ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူး ဂရုစိုက်ကြရန်၊ ကျန်းမာမှ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ အားက စားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖြစ်သည့်အတွက် လူငယ်၊ လူရွယ်များ အသိဉာဏ် ဗဟုသုတများ ရရှိစေရေးအတွက် လူငယ်နှင့်ပတ်သက်ပြီး ဟောပြောပွဲများများ ပြုလုပ်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဟောပြောပွဲများမှတဆင့် လူငယ်များ အားကစားကို စိတ်ပါဝင်စားလာပြီး မိမိတို့ဝါသနာပါသည့် အားကစားကို  ပြုလုပ်ချင်စိတ်တွန်းအားများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဦးနှင့်တစ်ဦး အထက်အောက် အပြန်အလှန် လေးစားမှုရှိပြီး မိသားစုစိတ်ဓါတ်ဖြင့် ကူညီဖေးမ၍ ပူးပေါင်းဆောင်ရွက် လုပ်ကိုင်ကြရန် လိုကြောင်း၊ လက်အောက်ငယ်သားများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးပြီး ခေါင်းဆောင်ကောင်း ပီသအောင် ပြုမူပြောဆို နေထိုင်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအားလုံး ချစ်ချစ်ခင်ခင်ဖြင့် လုပ်ငန်းတာဝန်များ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ကြရန် လိုကြောင်း၊ ဝန်ထမ်းများ၏ အခက်အခဲများ တင်ပြမှုများအပေါ် အတတ်နိုင်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေးအတွက် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး မင်းလှမြို့နယ်အားကစားကွင်း/အားကစားရုံများနှင့် အုတ်ဖိုမြို့နယ် အားကစား ကွင်းများသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး အုတ်ဖိုမြို့နယ် ဘောလုံးကွင်း ပွဲကြည့်စင်အား အသစ်ပြန်လည် တည်ဆောက်ရန်နှင့် မိုးလုံလေလုံအားကစားခန်းမ ရေရှည်တည်တံ့စေရေး၊  အားကစားကွင်း/အားကစားရုံများသို့ ပြည်သူများ အားကစားကို စိတ်လက်ပေါ့ပါးစွာဖြင့် စိတ်အပန်းဖြေ လာရောက်ကစားနိုင်စေရေးအတွက် သန့်ရှင်းသပ်ရပ်မှုရှိအောင် အမြဲတမ်းပြုလုပ်ဆောင်ရွက်ထားကြရန် လိုကြောင်း၊  အားကစားကွင်း/အားကစားရုံများအား ရေရှည်တည်တံ့ အသုံးပြုနိုင်စေရန်အတွက် စနစ်တကျ ထိန်းသိမ်းပြုပြင် စောင့်ရှောက်ကြရန်လိုကြောင်း၊ ခိုငှက်များ မဝင်ရောက်နိုင်အောင် ဝင်ရောက်နိုင်သည့်နေရာများကို စနစ်တကျ ကာရံထားရန်  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ် နှင့် ဇီးကုန်းမြို့နယ်တို့မှ အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကြို့ပင်ကောက် မြို့နယ်အားကစားကွင်းအတွင်းရှိ ဘောလုံးပွဲကြည့်စင်အား အသစ်ပြန်လည်ပြုပြင်ပေးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ ဇီးကုန်းမြို့နယ် အားကစားကွင်းအားလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်း/အားကစားရုံများတွင် အများပြည်သူ လာရောက်ကစားနိုင်ရေးအတွက် အားကစားပစ္စည်းများ ထောက်ပံ့ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် နတ်သလင်းမြို့နယ်သို့ ဆက်လက်ထွက်ခွာခဲ့ပြီး နတ်သလင်းမြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်မည့် မြေနေရာတို့အားလည်းကောင်း၊ ပေါင်းတည်မြို့နယ် မိုးလုံလေလုံအားကစားရုံနှင့် ဘောလုံးကွင်းတို့အားလည်းကောင်း၊ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး၊ ပေါင်းတည်မြို့နယ် ဘောလုံးကွင်း Goal Score Board အား အသစ်ပြန်လည်ပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း အားကစားကွင်း/အားကစားရုံ ရေရှည်တည်တံစေရေး၊ ရေဖြန်းစနစ် ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။