အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ အိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ လိုက်လံကြည့်ရှုအားပေးခြင်းနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန်(၂၃)ရက်။

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲများမှ ညွှန်ကြားရေးမှူးများ လိုက်ပါလျက် ယနေ့နံနက်(၇:၀၀) နာရီအချိန်မှစ၍ အိုလံပစ်နေ့အထိမ်းအမှတ် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများဖြစ်သော အမျိုးသား/ အမျိုးသမီး မီတာ(၁၀၀)၊ မီတာ (၈၀၀)၊ အလျားခုန်၊ သံလုံးပစ်၊ လက်ဆင့်ကမ်းမီတာ (၁၀၀x၄) နှင့် အမျိုးသား/အမျိုးသမီး(Mix) လက်ဆင့်ကမ်းမီတာ(၁၀၀x၄) ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် နေပြည်တော်၊ လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Camp)မှ အားက စားသမားများ၏ ကြိုးစားယှဉ်ပြိုင်ကစားနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပါသည်။

ဆက်လက်ပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားအား ကျင်းပပြုလုပ်ရာ ပြေးခုန်ပစ် အမျိုးသမီး မီတာ(၁၀၀)ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နှင်းစန္ဒာဦးမှလည်းကောင်း၊ အမျိုးသား မီတာ(၁၀၀)ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးဌေးအောင်မှလည်းကောင်း၊ အမျိုးသမီး မီတာ(၈၀၀)ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊ အမျိုးသားမီတာ(၈၀၀)ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးစန်းချိုမှလည်းကောင်း၊ အမျိုးသမီး (အလျားခုန်)ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအေးမင်းညွန့်မှလည်းကောင်း၊ အမျိုးသား(အလျားခုန်)ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းဦးမှလည်းကောင်း၊ အမျိုးသမီး (သံလုံးပစ်) ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေး မှူးချုပ်(၁) ဦးကျော်ဦးမှလည်းကောင်း၊ အမျိုးသား(သံလုံးပစ်)ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားက စားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသမီး (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသား (လက်ဆင့်ကမ်း   မီတာ ၁၀၀x၄) ပြိုင်ပွဲတွင်  ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသား/အမျိုးသမီး (Mix) (လက်ဆင့်ကမ်း မီတာ ၁၀၀x၄) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့်  အားကစားသမားများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ  ဦးမင်းသိန်းဇံမှလည်းကောင်း ငွေသားဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲ(၁:၀၀)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိ အားကစားရုံ(A)၌ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိသည့် အိုလံပစ်နေ့အထိမ်းအမှတ် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲနှင့် ဂျူဒိုအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ များဖြစ်သော အမျိုးသမီး(၄၅.၅၃) ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးမှလည်းကောင်း၊ အမျိုးသမီး (၅၃.၅၇)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးမှလည်းကောင်း၊ အမျိုးသမီး (၅၇.၆၂) ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးစန်းချိုမှလည်းကောင်း၊ အမျိုးသား(၆၃.၆၈) ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(၂) ဦးကျော်ဆန်းဦးမှလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း (ကကွက်) ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်(၁) ဦးကျော်ဦးမှလည်းကောင်း၊ ဂျူဒိုအားကစားပြိုင်ပွဲ များဖြစ်သော အမျိုးသမီး(-၅၂)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းမှလည်းကောင်း၊ အမျိုးသမီး(-၅၇)ကီလိုတန်းပတ်လည်ပြိုင်ပွဲနှင့် အမျိုးသမီး(-၆၃) ကီလိုတန်း ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှလည်းကောင်း၊ အမျိုးသမီး(-၇၀) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား (-၆၆)ကီလိုတန်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ  ဦးမျိုးလှိုင်မှလည်းကောင်း၊ အမျိုးသား(-၇၃) ကီလိုတန်းပြိုင်ပွဲနှင့် အမျိုးသား(-၉၀) ကီလိုတန်း ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် အားကစားသမားများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ  ဦးမင်းသိန်းဇံမှလည်းကောင်း ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်း ရရှိပါသည်။