အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော်၊ ဇွန် -(၂၃)

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို ပျဉ်းမနားမြို့၊ ပေါင်းလောင်းအားကစားကွင်း၌ ဇွန်လ(၁၄)ရက်နေ့မှ စတင်ယှဉ်ပြိုင်ကစားခဲ့ကြရာ နေပြည်တော်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ညနေပိုင်းတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြည့်ရှုအားပေး ကြသည်။

ရှေးဦးစွာ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ပျဉ်းမနားမြို့နယ်အသင်းနှင့် လယ်ဝေးမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပျဉ်းမနားမြို့နယ် အသင်းက(၂)ဂိုး (၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုများကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ချီးမြှင့်ရာ ဆုရရှိသူများက အသီးသီးလက်ခံရယူကြသည်။

ထို့နောက် တတိယဆုရရှိသည့် ဥတ္တရသီရိမြို့နယ်အသင်းအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းမှလည်းကောင်း၊ ဒုတိယဆုရရှိသည့် လယ်‌ဝေးမြို့နယ်အသင်းအား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှလည်းကောင်း၊ ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ပထမဆု ရရှိသည့် ပျဉ်းမနားမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု (၁၀၀၀၀၀ဝိ/-)ကျပ်အား ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။