အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများအား တွေ့ဆုံ၍ လမ်းညွှန်အမှာစကားပြောကြား

နေပြည်တော်၊ ဩဂုတ်လ (၉) ရက်။     

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာနရှိ အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် (၉:၃၀) အချိန်တွင် နေပြည်တော်ရှိ ရုံးအမှတ် (၃၁) ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသိန်းထွန်းလတ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးကျော်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဆန်းဦးနှင့် ဌာနခွဲ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံ ညွှန်ကြားရေးမှူးများ Video Conferencingစနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အစည်းအဝေးတက်ရောက်လာကြသော ဝန်ကြီးဌာနရှိ အရာရှိကြီးများ တစ်ဦးချင်းမိတ်ဆက် ဂါဝရပြုပြီးနောက် ပြည်ထောင်စုဝန်ကြီးမှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် အားကစားအနေဖြင့် လွန်ခဲ့သည့် (၅) နှစ်တာကာလအတွင်း အခြားဝန်ကြီးဌာနတစ်ခု နှင့်တွဲဖက်လုပ်ကိုင်ဆောင်ရွက်ခဲ့ရသဖြင့် အားကစားလုပ်ငန်းများအပြင် အခြားရုံးလုပ်ငန်းများ လုပ်ကိုင်ရာ တွင် ခက်ခဲပြီး လုပ်ငန်းများနှောင့်နှေး ကြ့န်ကြာမှုများ ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ ယခုအခါ အားကစားကို သီးခြားဝန်ကြီးဌာနအဖြစ် ယနေ့ လူငယ်ရေးရာကဏ္ဍကို ဆောင်ရွက်နိုင်ရန် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအဖြစ် အသစ် ဖွဲ့စည်းခဲ့ပါကြောင်း၊

လူငယ်ရေးရာဆိုသည်မှာလည်း အားကစားကို စိတ်ပါဝင်စားသူများနှင့် အားကစားပြုလုပ်နေသူ များအားလုံးသည် လူငယ်ပိုင်း၊ လူလတ်ပိုင်း အများဆုံး ပါဝင်ကြပြီး လူငယ်များကို Youth Development အစီအစဉ်ဖြင့် အားကစားနှင့် ဆက်စပ် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊

ယခင်ရှိပြီးသား အားကစားဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ မူဝါဒများအပြင် နိုင်ငံတော် အကြီးအကဲမှ ဝန်ကြီးဌာနအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ချက်များကို ဝန်ထမ်း များအားလုံး စုပေါင်းပြီး တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှိုင်း ညီညီညွတ်ညွတ် လုပ်ဆောင်သွားကြရမည် ဖြစ်ပါကြောင်း၊

ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးကို အထူးဂရုပြုကြရန် လိုအပ်ပါကြောင်း၊ COVID-၁၉ ကာလ ဖြစ်၍ နိုင်ငံတော်မှ ချမှတ်ပေးထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိကျကျ လိုက်နာဆောင် ရွက်နေထိုင်ရန် လိုအပ်ပါကြောင်း၊

COVID-၁၉ ကာလ ဖြစ်၍ နိုင်ငံတော်မှ ရုံးများပိတ်ထားသော်လည်း ဝန်ကြီးဌာန၏ မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်သော လုပ်ငန်းများကို လူနည်းနည်းဖြင့် အတတ်နိုင်ဆုံး အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဌာနတစ်ခုနှင့်တစ်ခု စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် စည်းမျဉ်းစည်းကမ်းများအတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း၊ ဌာနတစ်ခုနှင့်တစ်ခု ဝန်ထမ်းများအနေဖြင့် အထက်အောက် အပြန်အလှန် လေးစားကာ ရိုင်းပင်း ကူညီပြီး တာဝန်အရ သာမက နှလုံးသားဖြင့် လုပ်ငန်းဆောင်ရွက်ပါက လုပ်ငန်းများ မြန်ဆန်တိုးတက် အောင်မြင်မည် ဖြစ်ပါကြောင်း၊

ဝန်ကြီးဌာနအနေဖြင့် ဘဏ္ဍာငွေသုံးစွဲရာတွင်လည်း စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ စာရင်းစစ်၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းလိုအပ်ချက်များကို စနစ်တကျသုံးစွဲရန် လိုအပ်ပါကြောင်း၊

ယခုအခါ အားကစားကဏ္ဍနှင့် လူငယ်ရေးရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဦးစီးဌာနအသစ်တစ်ခု တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း များ၊ ရာထူးတိုးမြှင့်ခြင်း အခွင့်အလမ်းများ ပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊

ပြည်ထောင်စုဝန်ကြီးအနေနှင့်လည်း ဝန်ထမ်းများအားလုံးကို ကျောသားရင်သား မခွဲခြားဘဲ အားလုံးကို တန်းတူဆက်ဆံသွားမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအားလုံးကလည်း တစ်ဦးနှင့်တစ်ဦး လုပ်ငန်းဆောင်ရွက်ရာတွင် စေတနာ မေတ္တာထား ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ ဆောင် ရွက်ရာတွင် အထက်ဌာနမှ လက်အောက်သို့ အဆင့်ဆင့် ဆင့်ကဲဆင့်ကဲ စနစ်ဖြင့် အောင်မြင်အောင် အုပ်ချုပ်ဆောင်ရွက်သွားရမည်ဖြစ်ပြီး တာဝန်အရ အထက်အဆင့်ဆင့်မှ ပေးအပ်သော လုပ်ငန်းတာဝန်များ ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ အလေးထား‌ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် အထက်ဌာနအဆင့်ဆင့်မှ ပေးအပ်သော လမ်းညွှန်ချက် ရုံးလုပ်ငန်းများကို အမြန်ဆုံး လုံလောက်သော အချိန်တွင် ပြီးပြည့်စုံစွာ ပြည်လည်တင်ပြရန် လိုအပ်ပါကြောင်း၊

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကအသက်သွေးကြောမှာ ယခုအခါ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ လုပ်ငန်းလိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး၍ အမြန်ဆုံးနှင့် အကောင်းဆုံး ကြိုးစားဖြေရှင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ညွှန်ကြားရေးမှူးများသည် ဝန်ကြီးဌာနကို ကိုယ်စားပြု၍ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဝန်ကြီးချုပ်များကို တာဝန်ခံဆောင်ရွက်နေရသည်ကို သတိပြုရန် လိုအပ်ပါကြောင်း၊

ထို့အပြင် မိမိလက်အောက်ရှိ ခရိုင်၊ မြို့နယ် ဝန်ထမ်းများကို အမြဲမပြတ် ထိတွေ့ဆောင်ရွက်ရန်  လိုအပ်ပြီး ၎င်းတို့၏ လုပ်ငန်းလိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် လိုအပ်ပါက အထက်ဌာနသို့ တင်ပြ၍ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ထို့အပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် တာဝန်ခံများသည် ဒေသတွင်းရှိ အားကစားနှင့်ကာယပညာ သိပ္ပံ ကျောင်းအုပ်ကြီးများနှင့် လုပ်ငန်းပူးတွဲပေါင်းစပ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး ဒေသရှိ ဝန်ကြီးချုပ်များထံမှလည်း ဝန်ကြီးဌာန၏ လုပ်ငန်းလိုအပ်ချက်များကို တင်ပြတောင်းခံ၍ လုပ်ငန်း များကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

ဝန်ကြီးဌာနလုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရာတွင် တစ်ဦးကောင်း တစ်ယောက် ကောင်း လုပ်ဆောင်၍ မရဘဲ ဝန်ထမ်းအားလုံး ဟန်ချက်ညီညီ မိသားစုစိတ်ဓာတ်ဖြင့် လုပ်ကိုင်ဆောင်ရွက် မှသာ အောင်မြင်မည် ဖြစ်ပါကြောင်း၊

အားကစားလုပ်ငန်းများသည် (၁၀) နှစ်တာ ကာလအတွင်း အောင်မြင်မှု ကျဆင်းလာပါသော ကြောင့် ပြန်လည်ဦးမော့လာအောင် အမြန်ဆုံး ဆောင်ရွက်ရမည်ဖြစ်ပြီး အားကစားသမားများအား လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် စနစ်တကျ ကျွေးမွေးပြုစု လေ့ကျင့်ပေးရုံသာမက အားကစားသမားများ အား ရင်ဝယ်သားကဲ့သို့ ဂရုတစိုက်ပြုစုပြီး မိသားစုသဖွယ် စိတ်ဓာတ်ဖြင့် အခက်အခဲရှိပါက ဖြေရှင်းပေးရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များ ဆောင်ရွက် နေမှုကို ရှင်းလင်းပြောကြားရာတွင် ဦးစီးဌာနရှိ ဝန်ထမ်းများ ဖွဲ့စည်းပုံ အခြေအနေများ၊ ဦးစီးဌာန၏ ဘဏ္ဍာရေး သုံးစွဲဆောင်ရွက်နေမှု အခြေအနေများ၊ တစ်နိုင်ငံလုံးရှိ အားကစားကွင်း/အားကစားရုံများ ပြုပြင်ထိန်းသိမ်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ အားကစားအဖွဲ့ချုပ်များ၏ လုပ်ငန်းဆောင်ရွက် မှုအခြေအနေများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ (Bsc.Sport) တက္ကသိုလ် ဖွင့်လှစ် သင်ကြား နေမှု အခြေအနေများ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှု အခြေအနေများ၊ နှစ်နိုင်ငံ ပူးတွဲ လေ့ကျင့်မှု ပြုလုပ်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ ဖြည့်စွက်ရှင်းလင်းပြောကြားရာတွင် ပြည်တွင်း အားကစားပြိုင်ပွဲ ကျင်းပနေမှု အခြေအနေများ၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများ သွားရောက်ယှဉ်ပြိုင်နေ မှုအခြေအနေများ၊ ၂၀၂၂ ခုနှစ် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားရှိမှု အခြေအနေများ၊ အားကစားဖွံ့ဖြိုးတိုးတက်ရန် အကြံပြု လုပ်ငန်း များအား ဖြည့်စွက်ရှင်းလင်း တင်ပြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ ဝန်ထမ်းများ၏ လုပ်ငန်းအရည်အချင်းများကို မူတည်၍ ရာထူး တိုးမြှင့်ရေးနှင့် အခြားအခွင့်အရေးများကို အကောင်အထည်ဖော်  ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ အားကစားသမားများ လေ့ကျင့်ပျိုးထောင်ရာတွင် စိတ်ဓာတ်ကြံ့ခိုင် ခိုင်မာမှုနှင့် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်း ရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ရေးတို့ကို အထူးအလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။