အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ရှမ်းပြည်နယ်ရှိအားကစားကွင်း/ရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး၊ ဇွန်(၄)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း တို့သည် ယနေ့ မနက် (၀၈:၁၃)နာရီအချိန်တွင် လွိုင်လင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ နမ့်စန်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လွိုင်လင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လဲချားမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပအိုဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားကွင်း၊ ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်များရှိ အရာထမ်း / အမှုထမ်းများနှင့်တွေ့ဆုံခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲ အခမ်းအနားတွင် တက်ရောက်လာကြသော အရာထမ်း / အမှုထမ်း များမှ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ရာတွင် မိမိတို့ ဌာန ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်၊ နိုင်ငံတော်မှ ပေးအပ်ထားသည့် တာဝန်ကြီး(၄) ရပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှချမှတ်ထားသော အဓိကတာဝန်(၅)ရပ် စသည်ဖြင့် အဓိက မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကျရာတာဝန်ကိုကျေပွန်စွာထမ်းဆောင်ရာမှာ တာဝန်အရလုပ်ရတာအပြင် စေတနာပါထည့်လုပ်ရန်၊ ရုံးလုပ်ငန်းစနစ်သတ်မှတ်ထားပီးဖြစ်၍ လိုက်နာဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းလက်စွဲပါ စည်းမျဉ်းစည်းကမ်းများကို ဦးစားပေး၍ စနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လဲ ကြီးကြပ်ကွပ်ကဲမှုအနဲဆုံးဖြင့် ဆောင်ရွက်နိုင်အောင်ကြိုးစားကြရန်၊ အထက်အောက်အပြန်အလှန်လေးစားမှုရှိပီး၊ မိသားစုသဖွယ် ချစ်ခင်စည်းလုံးစွာဖြင့်သီးခံမှု၊ စာနာမှု၊ နားလည်မှုများထားရှိ၍ ဆောင်ရွက်ပါက ပိုမိုကောင်းမွန်အောင်မြင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး ခရိုင် / မြို့နယ် ရှိ တာဝန်ခံများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား power point၊ ကွင်း / ရုံ ပုံများကို ဗီနိုင်းများ ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် အားကစားကွင်း/ ရုံ သမိုင်းများကို စနစ်တကျပြုစုဆောင်ရွက်ရန်၊ မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြစေလိုကြောင်း ၊ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်စွာမိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသွားပြီးတွေ့ဆုံပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။