အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)သို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ မေ(၁၃)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၂.၅.၂၀၂၃)ရက်နေ့တွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေနှင့်အတူ တည်ဆောက်လျက်ရှိသော အားကစားသမား အမျိုးသား/ အမျိုးသမီး အဆောင်များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းကောင်းစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်သည် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ပြီး ကျောင်းအုပ်ကြီး ဦးအောင်နိုင်ဆွေမှ မိမိတို့ကျောင်းရှိ နည်းပြ/အုပ်ချုပ်သူများနှင့် နှစ်အလိုက်သင်တန်းသားရွေးချယ်မှုများနှင့် အားကစားကွင်း/အားကစားရုံများ၏ တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်နိုင်ရေး မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ရန်ကုန်တိုင်းဒေသကြီး(တိုင်းရုံး)၊ ခရိုင်/ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း/အမှုထမ်းများနှင့် တွေ့ဆုံခဲ့ရာ ညွှန်ကြားရေးမှူး ဦးအောင်မိုးမှ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများ၏ ရာဇဝင်များနှင့် တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်းနှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်နိုင်ရေး မှာကြားခဲ့ပါသည်။

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးသည် (၁၃.၅.၂၀၂၃)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်အတူ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်မြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူးများမှ မိမိတို့၏ ခရိုင်၊ မြို့နယ်များရှိ အားကစားကွင်း/အားကစားရုံများ ၏ ရာဇဝင်များနှင့် တည်နေရာများအား Google Map, Layout Plan များကို ကားချပ်ပြုလုပ်ပြသခြင်း နှင့် Powerpoint ဖြင့် ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။