အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ကလော၊ အောင်ပန်း၊ ရွှေညောင်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ အားကစားကွင်း၊ဒေသအဆင့်/မြို့နယ်ရုံးလိုက်လံကြည့်ရှုစစ်ဆေး

တောင်ကြီး၊ မတ် (၁၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူး ဦး‌ကျော်ကျော်သိန်း အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းအုပ်ကြီးဦးထွန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နေ့လည်(၁၃:၃၀) အချိန်တွင် ကလော၊ အောင်ပန်း၊ ရွှေညောင် အားကစားကွင်းရုံများအား ကြည့်ရှုခဲ့ပြီး ညနေ(၁၇:၀၀)အချိန်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသ/မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးနှင့်ဝန်ထမ်းများ၏ ပွဲကြည့်စင်‌အောက်ရှိ (ယာယီ) အိမ်ခန်းများနှင့်အားကစားကွင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားကွင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက် အမြဲပြုလုပ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ညွှန်ကြား‌ရေးမှူးချုပ်မှ ပအိုဝ်းဒေသ/မြို့နယ်ရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဌာနမှချမှတ်ထားသည့်မူဝါဒများ ရည်ရွယ်ချက် များအတိုင်းကျေပွန်စွာထမ်းဆောင်ရန်ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျတိကျမှန်ကန်စွာ လုပ်ဆောင်ကြဖို့လိုကြောင်း၊ဝန်ထမ်းလိုအပ်ချက်များကြောင့်လုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသ/မြို့နယ် မခွဲခြားဘဲပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့်ပြည်နယ်မှလုပ်ငန်းများလည်းဝိုင်းဝန်းကူညီရမည်ဖြစ်ကြောင်းရပ်ကွက်/ကျေးရွာ၊မြို့နယ်ပေါင်းစုံပြိုင်ပွဲများမှတဆင့် ထူးချွန်ထက်မြက်သောအားကစားသမားများပေါ်ထွက်လာစေရန်၊ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းများအချင်းချင်းအထက်အောက်အပြန်အလှန်ချစ်ကြည်ရင်းနှီးစွာဖြင့် ရိုင်းပင်းကူညီ၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်သွားကြရန်လိုကြောင်းပြောကြားခဲ့ပြီး ဝန်ထမ်းများ၏အခက်အခဲများ လိုအပ်ချက်များရှိပါက အထက်သို့တင်ပြပါကအတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့ပါသည်။