အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ရှမ်းပြည်နယ်/ ခရိုင်/ မြို့နယ် ဝန်ထမ်းများအား တွေ့ဆုံလမ်းညွှန်မှာကြား

တောင်ကြီး၊ မတ် (၁၂)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန််းမြင့်ဦး ၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း ၊ အားကစားနှင့်ကာယပညာသိပ္ပံ (တောင်ကြီ) ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းအဲမာ တို့သည် ယနေ့ မနက်(၀၉:၀၀)နာရီအချိန်တွင် ပြည်နယ် အစည်းအဝေးခန်းမ၌ ပြည်နယ် / ခရိုင် / မြို့နယ်များ မှ အရာထမ်း / အမှုထမ်းများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် တက်ရောက်လာကြသော အရာထမ်း / အမှုထမ်း များမှ တစ်ဦးချင်းမိတ်ဆက်ကြပါသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ရာတွင် အဓိက မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကျရာတာဝန်များကို ကျေပွန်စွာထမ်းဆောင်ရာမှာတာဝန်အရလုပ်ရတာအပြင် စေတနာပါထည့်လုပ်ရန်၊ ရုံးလုပ်ငန်း စနစ်သတ်မှတ်ထားပီးဖြစ်၍ လိုက်နာဆောင်ရွက်ရာတွင် ရုံးလုပ်ငန်းလက်စွဲပါ စည်းမျဉ်းစည်းကမ်းများကို ဦးစား ပေး၍ စနစ်တကျလိုက်နာဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင်လဲကြီးကြပ်ကွပ်ကဲမှုအနဲဆုံးဖြင့် ဆောင်ရွက်နိုင်အောင်ကြိုးစားကြရန်၊ အထက်အောက်အပြန်အလှန်လေးစားမှုရှိပီး၊ မိသားစုသဖွယ်ချစ်ခင်စည်းလုံးစွာဖြင့်သီးခံမှု၊ စာနာမှု၊နားလည်မှုများထားရှိရန်၊ အားကစားသမားများပိုမိုမွေးထုတ်နိုင်စေရန် ပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူးမှ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေအား power point ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားရာ မိမိတို့၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြစေလိုကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံတိုးတက်ကောင်းမွန်မှာဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်းစည်းလုံးညီညွတ်စွာ မိသားစုစိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသွားပြီး တွေ့ဆုံပွဲအခမ်းအနားကို မနက် (၁၁:၀၀) နာရီအချိန်တွင် ရုတ်သိမ်း၍ အားကစားကွင်း/ရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ်သည် ညောင်ရွှေမြို့သို့ သွားရောက်၍ အားကစားကွင်း/ရုံများအား လိုက်လံစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။