အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ(၆)။

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ ပြည်နယ်နှင့်တိုင်းဒေသကြီး တာဝန်ခံညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉)နာရီခွဲတွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနခွဲညွှန်ကြားရေးမှူးများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့သည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးတွင် သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် (၁)လအတွင်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်ချက်အခက်အခဲများကို တင်ပြဆွေးနွေးပေးရန်လိုကြောင်း၊ Outdoor Fitness နှင့်ပတ်သက်၍ ဘတ်ဂျက်စိစစ်မှုကြောင့် လက်ကျန်ပစ္စည်းများကိုသာ အမှန်တကယ်လိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများကို စိစစ်ထုတ်ပေးသွားမည်ဖြစ်သည့်အတွက် တာဝန်ခံ ညွှန်ကြားရေးမှူးများအနေဖြင့် မြို့နယ်နှင့်ခရိုင်တို့မှ တင်ပြလာမှုများအပေါ် စိစစ်တင်ပြပေးရန်လို ကြောင်း၊ မြေဂရမ်ရရှိမှုနှင့်ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဌာန အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းသင်တန်း (၂)ကြိမ်ဖွင့်လှစ်ခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအားလုံးမှ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီးဖြစ်သည့်အတွက် ဘဏ္ဍာငွေသုံးစွဲရာ တွင် စာရင်းစစ်ကန့်ကွက်ချက်များ၊ ရန်ပုံငွေခေါင်းစဉ် မှားယွင်းသုံးစွဲမှုများ၊ ဌစ ငွေစာရင်းခေါင်းစဉ် မှားယွင်းဖြည့်သွင်းမှုများ မဖြစ်စေရန်အတွက် ညွှန်ကြားရေးမှူးများမှ ဂရုတစိုက် စိစစ်ကြပ်မတ် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း အထက်အောက် အပြန်အလှန်လေးစားမှုရှိပြီး ဌာနအောင်မြင်တိုးတက်စေရေးအတွက် ရုံးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင်ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲ ပြက္ခဒိန်ကို ဖြန့်ဝေပေးထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာအားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ပြိုင်ပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းများကိုလည်း ပြိုင်ပွဲ များမကျင်းပမီ (၃)လကြိုတင် ဖြန့်ဝေပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအားကစားနည်းအလိုက် အသင်းအုပ်ချုပ်သူနှင့် နည်းပြများကို ဆက်လက်ဖြန့်ဝေပေးရန်လိုကြောင်း၊ မိမိတို့အသင်းအောင်နိုင် ရေးအတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို တိကျသေချာစွာလိုက်နာပြီး တရားမျှတစွာ အစွမ်းကုန် ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ အားကစားသမားများကို ပြိုင်ပွဲနှင့်သင့်တော်ကိုက်ညီမှုရှိသည့် ပြိုင်ပွဲအမျိုးအစားများတွင်သာ ဝင်ရောက်ယှဉ်ပြိုင်စေလိုကြောင်း၊ ပြိုင်ပွဲကျင်းပရာတွင် အားသာချက်/ အားနည်းချက်များ သိရှိနိုင်စေရန်အတွက် အားကစားစီမံကိန်းနှင့်သုတေသနဌာနခွဲမှ ပြိုင်ပွဲနှင့် ပတ်သက်သည့်မေးခွန်းများကို မေးမြန်းလျက်ရှိရာ အသင်းအုပ်ချုပ်သူနည်းပြများနှင့် အားကစားသမား များမှ မှန်မှန်ကန်ကန် ပြန်လည်ဖြေကြားပေးစေလိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် အသင်းအုပ်ချုပ်သူတာဝန်ကို သက်ဆိုင်ရာအားကစားနည်း အလိုက် ကျွမ်းကျင်မှုရှိသူများကိုသာ တာဝန်ပေးအပ်သွားရန်လိုကြောင်း၊ ညွှန်ကြားရေမှူးများအနေဖြင့် အတွေ့အကြုံရှိသည့်ဝန်ထမ်းများ ပြုန်းတီးမှုမဖြစ်ပေါ်စေရေးအတွက် လက်အောက်ဝန်ထမ်းများ၏ ရပိုင်ခွင့်နှင့်လိုအပ်ချက် အခက်အခဲများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခု အစည်းအဝေးတွင် ဆုံးဖြတ်ပေးရမည့်ကိစ္စများကို ဦးစားပေးတင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ တာဝန်ခံညွှန်ကြားရေးမှူးများက ဝန်ထမ်းပြောင်းရွှေ့ခန့်ထားရေးကိစ္စများ၊ ပြည်နယ်/တိုင်း/ခရိုင်/ မြို့နယ်များသို့ တွဲဘက်ထားသည့်ဝန်ထမ်းအင်အားအခြေအနေများ၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပရန် လျာထားဆောင်ရွက်မှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ဘတ်ဂျက်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့်လုပ်ငန်းများ၊ အားကစားကွင်း/ရုံ ပြုပြင်ထိန်းသိမ်းထားရှိမှှုအခြေအနေများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအားကစားပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့မှုနှင့် ဆုတံဆိပ်ရရှိမှုအခြေအနေများ၊ ဒေသတွင်းအားကစားပြိုင်ပွဲများ/သင်တန်းများနှင့် ဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် အားကစားအထောက်အကူပြုပစ္စည်းများနှင့် Outdoor Fitness ဝယ်ယူ နိုင်ရေး ထည့်သွင်းလျာထားမှုအခြေအနေများ၊ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းများသို့ သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူများအားရွေးချယ်၍ စေလွှတ်နိုင်ရေး ဆောင်ရွက် ထားမှုများနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဖြည့်စွက်ဆွေးနွေးတင်ပြရာတွင် လူငယ် ဖွံ့ဖြိုးရေးစီမံကိန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရေရှည်စီမံကိန်း များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မိမိတို့အသင်းအောင်မြင်မှုရရှိရေးအတွက် သက်ဆိုင်ရာ အားကစားဆပ်ကော်မတီများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းပြည့်မီစေရေး စိစစ်ကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ ကဏ္ဍပေါင်းစုံနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များအပေါ်မူတည်ပြီး ပြည်ထောင်စုဝန်ကြီး၏အတည်ပြုချက်ဖြင့် (၁)နှစ်တာ စွမ်းဆောင်မှုအကောင်းဆုံးဆုကို သတ်မှတ်စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ရွေးချယ်ချီးမြှင့်ပေး သွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်တို့ပူးပေါင်း၍ သက်ဆိုင်ရာ အားကစားနည်း အလိုက် ပြိုင်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံပညာ ကျောင်းသားအားကစားပွဲမှ အရည်အချင်းရှိပြီး အလားအလာရှိသည့်အားကစားသမားများကို ရွေးချယ် ၍ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများနှင့် Youth Camp တို့တွင် လေ့ကျင့်သင်ကြားပေးနိုင် ရေးအတွက် ချိတ်ဆက်ဆောင်ရွက်သွားရန်  ပြောကြားခဲ့သည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လစ်လပ် နေရာများတွင် ဝန်ထမ်းများခန့်ထားပေးနိုင်ရေးနှင့် ပြောင်းရွှေ့နေရာချထားရေးကိစ္စများကို မတ်လတွင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အားကစားဉယျာဉ် စီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲ၌ အားကစားနည်း(၂၅)နည်း ထည့်သွင်းကျင်းပရန် လျာထားလျက်ရှိသည့်အတွက် သက်ဆိုင်ရာအားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုရရှိရေးတို့အတွက် ဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲထားရန်လိုကြောင်း၊ ပြည်နယ်နှင့်တိုင်း ဒေသကြီးများမှ ဘောလုံးနည်းပြ(B)လိုင်စင် အမှန်တကယ်ဖြေဆိုလိုသူများကို တာဝန်ခံ ညွှန်ကြားရေးမှူးများမှ စိစစ်တင်ပြပေးရန်နှင့် ဦးစီးဌာနမှ ဘောလုံးအဖွဲ့ချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊  နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ နွေရာသီအားကစား သင်တန်းများတွင် မြန်မာ့သိုင်းနှင့်ရိုးရာခြင်းလုံးအားကစားနည်းများကို ဖွင့်လှစ်သင်ကြားပေးစေလို ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အားကစားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စစ်ကိုင်းတိုင်း ဒေသကြီးရှိ လဟယ်မြို့ကို အထူးဒေသအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သင်တန်းများဖွင့်လှစ်နိုင်ရေး သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သိရသည်။