အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ (၃)။

အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ လုပ်ငန်းကိစ္စများနှင့်ပတ်သက်၍ သုံးသပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် နေပြည်တော်၊ ရုံးအမှတ်(၃၁) အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြသည်။

အစီအစဉ်အရ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်မှု (အားနည်းချက်၊ အားသာချက်)အပေါ် သုံးသပ်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် သင်တန်းသား/သင်တန်းသူ များ၏ ခေါ်ယူမည့်အရေအတွက်နှင့် အားကစားသမားရွေးချယ်ရေး၊ အားကစားလေ့ကျင့်ရေး၊ ပညာသင်ကြားရေးကိစ္စရပ်များအား ဆွေးနွေးတင်ပြသွားရန်၊ လက်ရှိစာသင်နှစ်အတွင်း လိုအပ်ချက်များ၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများအား ဆွေးနွေးတင်ပြပေးရန် ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ မုံရွာ၊ လွိုင်ကော်‌၊ စစ်တွေ)ကျောင်းအုပ်ကြီးများမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများ၏ လုပ်ငန်းဆောင်ရွက်မှု (အားနည်းချက်၊ အားသာချက်)အပေါ် သုံသပ်ချက်နှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့်အားကစားနည်းနှင့် ခေါ်ယူမည့်သင်တန်းသား အရေအတွက်၊ သင်တန်းသားရွေးချယ်/ လေ့ကျင့်/ သင်ကြားရေးဆိုင်ရာအစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများအား Power Point များဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်ပြီး သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများမှ အထွေထွေအကြံပြုဆွေးနွေးရာတွင် ဝန်ထမ်းခန့်ထားရေးနှင့် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးကိစ္စရပ်များအားလည်းကောင်း၊ အားကစားသမားများ၏ စံချိန်စံညွှန်းနှင့် ကြံ့ခိုင်မှုစစ်ဆေးရေးကိစ္စရပ်များအား လစဉ်မှတ်တမ်းတင်ထားရှိရန်လည်းကောင်း၊ အားကစား သမားများအား B.Sc Sports တက်ရောက်နိုင်သည်အထိ သင်ကြားရေးဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ရန်လိုကြောင်း အကြံပြုဆွေးနွေး တင်ပြခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း(၇)ကျောင်း၏ လိုအပ်ချက်များ၊ ဆွေးနွေးတင်ပြချက်များအား အသေးစိတ် ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် ညွှန်ကြားရေးမှူးချုပ်မှ တင်ပြချက်များအပေါ် ထပ်ဆင့်ဖြည့်စွက် ပြောကြားရာတွင်  အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအနေဖြင့် ရည်ရွယ်ချက်(၂)ခုဖြင့် ရပ်တည်နေသည့်အတွက် လက်ရှိစာသင်နှစ်တွင် Guide Line ချပေးရန်နှင့် လာမည့်စာသင်နှစ်တွင်လည်း လက်ရှိအနေထားနှင့်ကိုက်ညီမှုရှိစေရန် အချက်(၅)ချက်နှင့်ကိုက်ညီစေရန် သုံးသပ်သွားရန်လိုကြောင်းနှင့် ဘက်ဂျက်ခွဲဝေသုံးဆွဲရာတွင် စည်းမျဉ်း/ စည်းကမ်းနှင့်အညီ စနစ်တကျ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကစားသမားရွေးချယ်ရာတွင်လည်း မှန်မှန် ကန်ကန် စစ်ဆေးပြီး သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် ကစားသမားကိုသာရွေးချယ်စေလိုကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများပြိုင်ပွဲကိုလည်း ပြန်လည်ကျင်းပပြုလုပ်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မပျောက်ပျက်ဘဲ အားကစားသမားများကို ယှဉ်ပြိုင်နိုင်အောင် လေ့ကျင့်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကျောင်းအုပ်ကြီးများအနေဖြင့် အဓိကတာဝန်ရှိသည့်အတွက် အောက်ခြေမှစပြီး စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရွေးချယ်ရေးကိစ္စများတွင်လည်း အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများမှ  အရည်အချင်းရှိပြီး အလားအလာရှိသည့် အားကစားသမားများကို အဓိက ရွေးချယ်နိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ပါသည်။