အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ အားကစားအဖွဲ့တာဝန်ခံများနှင့် စီမံအုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာ အစည်းအဝေးကျင်းပ

နေပြည်တော်၊ အောက်တိုဘာ(၂၈)။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးမှ ကြီးမှူး၍ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင် လေ့ကျင့်လျက် ရှိသော အားကစားအဖွဲ့များ၏ တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများနှင့် အားကစားနည်းအလိုက် စီမံ အုပ်ချုပ်မှုနှင့် နည်းစနစ်ပိုင်းဆိုင်ရာအစည်းအဝေး(Administerial and Technical Meeting)အား ယနေ့ နေ့လယ်(၁:၀၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ Multi-purpose Hall ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။၊

 ဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များ (ရွှေ၊ ငွေ၊ ကြေး) အောင်မြင်မှု ဆုတံဆိပ်များ ရရှိစေရန်အတွက် တရုတ်နိုင်ငံသို့ အားကစားနည်းများအလိုက် Joint Training စေလွှတ်ပေးခြင်းဖြစ်ကြောင်း၊ Joint Training ကာလအတွင်း အုပ်ချုပ်/ နည်းပြများမှ အားကစားသမားများ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာရေး၊ ရာသီဥတု အခြေအနေ၊ လေ့ကျင့်ရေးသုံးပစ္စည်းများ၊ လေ့ကျင့်မှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ နေ့စဉ်  အစီရင်ခံစာ ( Daily Report) တင်ပြပေးရန်လိုကြောင်း၊ Joint Training နှင့်ပတ်သက်၍ နည်းပြ များအနေဖြင့် အုပ်ချုပ်မှုဆိုင်ရာကဏ္ဍတွင် ပေါ့လျော့မှုမရှိစေရေးနှင့် အားကစားသမားများအပေါ် သားသမီးများသဖွယ် ပြုစုစောင့်ရှောက်ပေးရန်လိုကြောင်း၊ အားကစားကဏ္ဍဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပြီး အားကစားလောက အောင်မြင်မှု ပိုမိုရရှိစေရေး နည်းပြနှင့်အားကစားသမားများမှ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားကြရန်လိုကြောင်း၊ လေ့ကျင့်ရေးသုံး အားကစားအထောက် အကူပြုပစ္စည်းများ၊ အားကစားဝတ်စုံများနှင့် အခြားလိုအပ်သည်များရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့် အဆင့်ဆင့်တင်ပြဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်/နည်းပြ များအနေဖြင့် မိမိအားကစားသမားများ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် (ရွှေ၊ငွေ၊ကြေး) ဆုတံဆိပ်များရရှိစေရန်နှင့် ပြိုင်ပွဲတွင် အားကစားသမားကောင်းစိတ်ဓါတ် မွေးမြူပြီး မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကြိုးစားယှဉ်ပြိုင်သွားနိုင်ရေး စနစ်တကျ အထူးကြပ်မတ် ဆောင်ရွက်သွားရန်လိုကြောင်း၊ နည်းပြများမှ အားကစားသမားများ၏ လေ့ကျင့် မှု စံချိန်/စံညွှန်း နေ့စဉ်တိုးတက်မှုမှတ်တမ်းများကို တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြပေးရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြများမှ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် လူရွေးချယ်ရေး၊ ကြံ့ခိုင်မှုစွမ်းရည်စစ်ဆေးခြင်း၊ ဆန်းစစ်ခြင်း၊ Event ရွေးချယ် ခြင်းနှင့် အားကစားနည်းအလိုက် အားကစားသမားများ၏ လေ့ကျင့်မှု စံချိန်/စံညွှန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးက လိုအပ် သည်များကို ပေါင်းစပ်ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ အားကစားအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ အားကစားနည်းအလိုက် တာဝန်ခံ၊ အုပ်ချုပ်/နည်းပြ(၇၅)ဦးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။