အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ(၁)။

ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)တွင် ပဏာမစခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားသမားများအား စခန်းဝင်ဆန်းစစ်လူရွေးချယ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Centre No(1)ရှိ ခြင်းလုံးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီး၊ နည်းပြဆရာများမှ အားကစားသမားများ၏ တစ်ဦးချင်းစွမ်းရည် Event(1-2) ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်မှုနှင့် တစ်ဦးချင်းကြိုးစားအားထုတ်ယှဉ်ပြိုင်ကစားနေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲအောင်၊ ဦးချမ်းသာဦးနှင့် ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)မှ တာဝန်ရှိသူများ၊ ခြင်းလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။