အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများ မြန်မာ့လက်ရွေးစင် အားကစားသမားများအား ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test)ပြုလုပ်နေမှုများကို ကြည့်ရှုအားပေး

နေပြည်တော်၊ ဩဂုတ်(၁၃)။

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားနည်း (၆)နည်းမှ မြန်မာ့လက်ရွေးစင် အားကစားသမား (၁၁၇)ဦးတို့အား ယနေ့ နံနက် (၇)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်း (Physical Test) ပြုလုပ်နေမှုများကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂) ညွှန်ကြားရေးမှူး ဦးကျော်ဇင်မိုးနှင့်အတူ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးခဲ့ကြပါသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားထားသည့်အတိုင်း မဆုတ်မနစ်သော စိတ်ဓာတ်၊ မလျော့သော ဇွဲ၊ လုံ့လတို့ဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိအောင် ယခုကတည်းက ကြိုးစားလေ့ကျင့်ကြရန်လိုကြောင်း၊ ယခုရရှိသည့် စံချိန်စံညွှန်းများထက် ပိုမိုကောင်းမွန်သည့် စံချိန်စံညွှန်များရရှိအောင် အားသွန်ခွန်စိုက် ကြိုးစားသွားကြရန်နှင့် လိုအပ်ချက်များရှိပါက ပံ့ပိုးကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။