အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဇွန်(၁၀)ရက်။

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ ကျင်းပသည့် (၄၃)ကြိမ်မြောက် ဒုတိယအကြိမ်ညီလာခံကို ယနေ့ ညနေ(၅)နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ (Multi-purpose Hall) ၌ပြုလုပ်ခဲ့ရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ရိုးရာခြင်းလုံးအားကစားနည်းသည် မြန်မာတို့၏ ကိုယ်ပိုင်အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရိုးရာအားကစားနည်းများကို ဖော်ထုတ်ပြီး နိုင်ငံတကာသို့ ထိုးဖောက်ရန်ကြိုးစားလျက်ရှိကြောင်း၊ မြန်မာ့ရိုးရာခြင်းလုံးသမိုင်းကြောင်းများ၊ ပြိုင်ပွဲအမှတ်ပေး စည်းမျဉ်း/စည်းကမ်းများနှင့် အားကစား သမားများ လိုက်နာရမည့် Rules and Regulations များကို (မြန်မာ-အင်္ဂလိပ်) နှစ်ဘာသာဖြင့် စနစ်တကျ ပြုစုထားရန်လိုကြောင်းနှင့် ဌာနအနေဖြင့် ပေါင်းစပ်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ရိုးရာခြင်းလုံးအားကစားနည်းကို ပိုမိုစိတ်ပါဝင်စားလာစေရန် အခြေခံပညာကျောင်းများ၌ ခြင်းလုံးအားကစားနည်း အခြေခံနည်းစနစ်များကို သင်ကြားပေးရန်လိုကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင်လည်း Club အသင်း ဖိတ်ခေါ်ပြိုင်ပွဲများကို ပြုလုပ်ပေးသင့်ကြောင်း၊ သက်ကြီး ခြင်းလုံးအားကစားသမားများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားလိုအပ်သည်များ ကူညီ စောင့်ရှောက်ပေးသင့်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသက်လွင်က ရိုးရာခြင်းလုံး တိုးတက် ပြန့်ပွားအောင် ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်း များကိုလည်း ခေတ်နှင့်လျော်ညီစွာ ရေးဆွဲထားပါကြောင်း၊ ရိုးရာခြင်းလုံးအားကစား ပိုမိုတိုးတက် အောင်မြင်စေရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန်လိုကြောင်း၊ မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့ချုပ်တွင် လူငယ်မျိုးဆက်သစ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင် ဆပ်ကော်မ တီ များကိုလည်း စနစ်တကျ ဖွဲ့စည်းထားပါကြောင်းနှင့် ရိုးရာခြင်းလုံး အားကစားနည်းနှင့်ပတ်သက်ပြီး အကြံဉာဏ်များပေးရန်လည်းဖိတ်ခေါ်ပါကြောင်း ဆွေးနွေးတင်ပြခဲ့ပါသည်။          

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများမှ ပြိုင်ပွဲကျင်းပရေးဆိုင်ရာကိစ္စရပ်များ၊ စည်းမျဉ်း/စည်းကမ်းများနှင့် ခြင်းလုံးခတ်ကစားနည်းနှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲသင့်သည့် ကိစ္စရပ် များနှင့်ပတ်သက်၍ အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ်မှ ဆွေးနွေးတင်ပြချက်များ အပေါ် ခြုံငုံသုံးသပ် ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ပြီး  အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။