အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်သိန်းဇံ မွန်ပြည်နယ်(သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီး (ဝေါ)မြို့နယ် အားကစားကွင်း/အားကစားရုံများသို့ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာလ(၁၁)ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့်ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့နံနက်ပိုင်းမှစ၍ မွန်ပြည်နယ် (သထုံခရိုင်) အတွင်းရှိ မြို့နယ်များနှင့် ပဲခူးတိုင်းဒေသကြီးရှိ (ဝေါ)မြို့နယ် အားကစားကွင်း/ အားကစားရုံ များသို့ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံခရိုင်အတွင်းရှိ ပေါင်မြို့နယ် အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ပြည်သူများ အားကစားကွင်းရုံများ၌ ပျော်ရွှင်စွာ လာရောက်ကစားနိုင်ရေးနှင့် စခန်းသွင်း လေ့ကျင့်မည့် အားကစားသမားများ ပြည့်ပြည့်စုံစုံနှင့် အဆင်ပြေချောမွေ့စွာ နေထိုင် လေ့ကျင့်နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် မိုးလုံလေလုံ အားကစားခန်းမ ရေရှည်တည်တံ့နိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။    

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သထုံမြို့နယ် အားကစားခန်းမအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားခန်းမ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ် သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ သထုံခရိုင် ဘောလုံးအားကစားကွင်းအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ မီတာ(၄၀၀)ပါ (Synthetic) ပြေးလမ်း ခင်းကျင်းရန်နှင့် ဘောလုံးကွင်း စိမ်းလန်းစိုပြေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ပြည်သူများ စိတ်ပျော်ရွှင်စွာ အချိန်မရွေး လာရောက် လေ့ကျင့် ကစားနိုင်ရေးအား စီမံဆောင်ရွက်ထားရှိပြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် သထုံခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန(၂)ထပ်ရုံး(အသစ်)နှင့် ကာယဗလနှင့် ကာယအလှ အားကစားခန်းမ(အသစ်) တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်ထိုမြို့နယ် မိုးလုံလေလုံ အားကစားခန်းမအား ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားခန်းမ ပျက်စီးယိုယွင်းနေမှုအား အမြန်ဆုံး ပြုပြင်ထိန်းသိမ်းရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ရှိ အားကစားခန်းမအားသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ အားကစားခန်းမအား သန့်ရှင်းသပ်ရပ် စွာဆောင်ရွက် ထားရှိရန်နှင့် ပြည်သူများ စိတ်လက်ပေါ့ပါးစွာ အပန်းပြေလာရောက်ကစား နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိပြီး ပျက်စီးယိုယွင်းနေမှုများအား အမြန်ဆုံး ပြုပြင် ဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဝေါမြို့နယ်ရှိ ဘောလုံးအားကစားကွင်းအားသွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ရာ ဘောလုံးကွင်း စိမ်းလန်းစိုပြေစေရေးအတွက် အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် ပွဲကြည့်စင်(အသစ်) ပြန်လည်တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။