အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်နှင့် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကျင်းပ

ရန်ကုန်၊ ဇူလိုင်လ(၃)ရက်။

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဝန်ထမ်းများ တွေ့ဆုံပွဲနှင့်ဝန်ထမ်းသက်သာစားသောက်ကုန်ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်(၁၄:၀၀)နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ ၊ ဒုတိယကျောင်းအုပ်ကြီးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဌာနစိတ်အလိုက် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၂၄၀)ဦး တက်ရောက်ခဲ့ပါသည်။

ပထမဦးစွာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအောက်တွင် ရှိပြီး နိုင်ငံအတွက် အလွန်အရေးပါသော ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ ကျောင်းတော်ကြီးက အစပြု၍ ပြုစုပျိုးထောင်မွေးထုတ်ပေးသော ကျောင်းသားများသည် နောင်တစ်ချိန်တွင် နိုင်ငံတကာ အားကစားပြိုင်ပွဲများ၌ အောင်မြင်မှုများ ရရှိလာမည့်သူများ ဖြစ်ပါကြောင်း၊ ဒါ့ကြောင့် ကျန်းမာရေးကို အဓိကဂရုစိုက်၍ စိတ်ဓာတ်၊ စည်းကမ်း ၊ ခွန်အားများ မြင့်တက်လာအောင် ယခင်ကထက်ပိုမို ကြိုးစားကြရန်လိုအပ်ကြောင်း၊ ကျောင်းတွင်းအားကစားပြိုင်ပွဲများကိုလည်း (၁)လတစ်ကြိမ်ပြုလုပ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မေတ္တာစေတနာထား၍ မိမိတို့၏ တာဝန်များကို စည်းမျဉ်း/စည်းကမ်းများနှင့်အညီ ပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးညီညီညွတ်ညွတ် လုပ်ကိုင်ဆောင်ရွက်သွားကြရန် ၊ နည်းပြများအနေဖြင့်လည်း မိမိတို့၏ အတွေ့အကြုံ စိတ်ဓာတ်ကောင်းများကို အရင်းခံ၍ ကျောင်းသား/ကျောင်းသူများအား စိတ်ဓာတ်ခွန်အားများ တိုးတက်လာအောင် ပြုစုမွေးထုတ်ပေးရန် လိုအပ်ကြောင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် ကျောင်းသား/ကျောင်းသူအပါအဝင် ဝန်ထမ်းများ အားလုံးမှ ကံ၊ ဉာဏ်၊ ဝိရိယ စိုက်ထုတ်၍ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ယင်းနောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်မှ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ရှိ ဝန်ထမ်းများထံသို့ ငွေကျပ်၄၈၆၀၀၀၀/- တန်ဖိုးရှိ ဝန်ထမ်းသက်သာစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပြီးနောက် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေမှ ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းစည်းမျဉ်း/စည်းကမ်း ကျင့်ဝတ်နှင့်အညီ ပြောဆိုနေထိုင်လုပ်ကိုင်ဆောင်ရွက်ပြီး လုံခြုံရေးသတိ၊ ကျန်းမာရေး အသိရှိစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ဌာနစိတ်အလိုက်ဝန်ထမ်းများမှ တင်ပြစရာရှိသည့် အကြောင်းအရာများကို ဆွေးနွေးတင်ပြကြရာ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူးဦးအောင်နိုင်ဆွေမှ ဖြည့်ဆည်းဆောင်ရွက်ပေးပြီးနောက် နိဂုံးချုပ် အမှာစကားပြောကြားပြီး ဝန်ထမ်းများသက်သာချောင်ချိရေးအတွက် ထောက်ပံ့ပစ္စည်း(၆)မျိုးအား ပေးအပ်ခဲ့ကြောင်းသိရှိရသည်။