အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မုံရွာ၊ ဇွန်လ(၁၉)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ) ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၀၈:၃၀) အချိန်တွင် ကျောင်းလေ့ကျင့်ရေးခန်းမဆောင်(၁)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းအဆင့်ဌာနဆိုင်ရာ ဧည့်သည်တော်များ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ ၊ အလှူရှင်များ ၊ ဝန်ထမ်းများ ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သူ များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြား၍ ကျောင်းအကျိုးတော်ဆောင်ရန်ပုံငွေသို့ အလှူငွေ (၁၀)သိန်းကျပ် ထောက်ပံ့လှူဒါန်းခြင်းနှင့် သီးခြားဖိတ်ကြားထားသော အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ လူမှုရေးရာဝန်ကြီး ဦးစောနိုင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။

ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား တေးသီချင်းများဖြင့်ဧည့်ခံဖျော်ဖြေ ကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသောဧည့်သည်တော်များမှ ခင်းကျင်းပြသထားသော အသုံးတူ၊ ကျောင်းသုံး ၊ အိပ်ယာသုံး၊ လေ့ကျင့်ရေးသုံးပစ္စည်းများ၊ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများအား ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးကာ အခမ်းအနားအား နံနက် (၀၉:၃၀) အချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။