အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး‌တွေ့ဆုံ ဂုဏ်ပြုစားပွဲသုံးဆောင်

ရန်ကုန်၊ဖေဖော်ဝါရီလ(၅)ရက်။

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ တိုင်း‌ဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် အလှူရှင်များက ယနေ့နေ့လယ် (၁၂)နာရီအချိန်က အားကစားနှင့်ကာယ ပညာသိပ္ပံ (ရန်ကုန်)ကျောင်းသို့သွားရောက်၍‌ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ရှိ သင်တန်းသား/သူများ၊ B.Sc(Sports) ကျောင်းသား/သူများနှင့် ISPE FC ဘောလုံးအသင်းမှ အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ပြီး အထူး‌နေ့လယ်စာ ဂုဏ်ပြုစားပွဲများပြုလုပ်‌ပေး၍ ကျောင်းသား/ ကျောင်းသူများနှင့်အတူတကွ‌သုံး‌ဆောင်ခဲ့ကြသည်။

ထို့‌နောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဥပဒေချုပ်ကအမှာစကားပြောကြား၍ မြန်မာ့လက်ရွေးစင် ဘောလုံးအားကစားသမားဟောင်း ဦးမျိုးလှိုင်ဝင်း က သင်တန်းသား/သင်တန်းသူများအား စိတ်ဓာတ်မြင့်မားရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ကော်မတီဥက္ကဌ က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်၍ တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။