အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး ပူတာအိုခရိုင်အတွင်းရှိ အားကစားကွင်း/အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဇွန်လ(၁၇)ရက်။

အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးမှ ပူတာအိုခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ပူတာအိုခရိုင် အားကစား ဆောင်ရွက်မှုအခြေအနေများအား လက်ထောက်ညွှန်ကြားရေးမှူးနှင့် ပူတာအိုမြို့နယ် အားကစားမှူးတို့မှ power point ဖြင့် ရှင်းလင်းတင်ပြခြင်း၊ ပြည်နယ်ညွှန်ကြားရေးမှူးမှ လိုအပ်သည်များ ဖြည့်စွက် တင်ပြခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်စားမေးပွဲ အောင်မြင်သူများအား ဂုဏ်ပြုထောက်ပံ့ခြင်းနှင့် တက္ကသိုလ်/ကောလိပ် တက်ရောက်နေသော ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။