အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေး တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖော်ဝါရီ (၁၀) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးသည် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)မှ ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်တို့နှင့်အတူ ယနေ့ညနေ(၅)နာရီအချိန်တွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)ရှိ အစည်းအဝေးခန်းမ၌ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းကော်မတီအဖွဲ့ဝင်များ၊ သိုင်းပညာရှင်ဆရာကြီးများနှင့်တွေ့ဆုံ၍ မြန်မာ့သိုင်းပညာရပ် မတိမ်ကော မပပျောက်စေရေးနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် မြန်မာ့သိုင်းအားကစားနည်းအား ထည့်သွင်းကျင်းပ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိအောင် ဝန်ကြီးဌာနနှင့်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့သိုင်းပညာရပ် တိုးတက်ပြန့်ပွားစေရန်နှင့် လူငယ်လူရွယ်များ မြန်မာ့သိုင်းအားကစားနည်းကို စိတ်ပါဝင်စားလာစေရန်အတွက် မြန်မာ့သိုင်းပညာရပ်နှင့်ပတ်သက်သည့် မှတ်တမ်းများ၊ အမွေအနှစ်အထောက်အထား သမိုင်းမှတ်တမ်းများအား ပြန်လည်ရှာဖွေဖော်ထုတ်ပြီး ပြတိုက်တွင် ထားရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သိုင်းပညာရှင်ဆရာကြီးများကို အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။