အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားဆေးဘက်ဆိုင်ရာဌာနခွဲ

၁။ ကျန်းမာကြံ့ခိုင်သည့် လူငယ်မောင်မယ်များ၊ အားကစားသမားများ ဖြစ်လာစေရန်နှင့် အားကစားသမားများ၏ စွမ်းဆောင်ရည် အမြင့်မားဆုံးဖြစ်စေရေးအတွက် ဆောင်ရွက် ပေးခြင်း

 

၂။ ကူးစက်နိုင်သည့် ရောဂါ၊ မကူးစက်နိုင်သည့်ရောဂါများ မဖြစ်ပွားစေရန် ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း

 

၃။ အားကစား ထိခိုက်ဒဏ်ရာရရှိမှုများ မဖြစ်ပွားစေရန် ကာကွယ်ခြင်း၊ ကုသခြင်း၊ ဒဏ်ရာ များကို အချိန်တိုအတွင်း မူလအတိုင်း ပြန်လည်သန်စွမ်း လာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ ပြိုင်ပွဲတွင် တားမြစ်ဆေးဝါးသုံးစွဲသူ တစ်ဦးတစ်ယောက်မျှ မပါဝင်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ဆောင်ရွက်ပေးခြင်း

 

၄။ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းဝင် လေ့ကျင့်လျက်ရှိသော အားကစားသမားများ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား (၂၄)နာရီပတ်လုံး ဆေးခန်းဖွင့်၍ ဆေးကုသမှု ပြုလုပ်ပေးခြင်း၊ လိုအပ်ပါက နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ခြင်း

 

၅။ ထိခိုက်ဒဏ်ရာရသူများမှ Physiotherapy ဖြင့် ကုသရန်လိုအပ်သော လူနာများအား Ultrasound, Sportmeel, Short Wave, Tens, Laser, Osteotorn, Cryojet စသည့် စက်များဖြင့်လည်းကောင်း၊ လည်ပင်းကြော၊ ခါးကြောညပ်သူများကို Traction Machine စက်ဖြင့်လည်းကောင်း ကုသမှုပြုလုပ်ပေးခြင်း

 

၆။ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားသမားများကို Personal Data နှင့် သွေးစစ် ဆေးမှု မှတ်တမ်း၊ ကျန်းမာရေးစစ်ဆေးမှု အသေးစိတ်မှတ်တမ်း၊ ခန္ဓာကိုယ်အဆစ်များ၏ လှုပ်ရှားမှု တိုင်းတာခြင်း၊ X-Scan ဖြင့် စစ်ဆေးခြင်း၊ အာဟာရပိုင်းဆိုင်ရာ သွေးစစ်ဆေးမှု ပြုလုပ်ခြင်းနှင့် ကယ်လိုရီ လိုအပ်ချက်များ တွက်ချက် စစ်ဆေးမှုများ ပြုလုပ်ပြီး အားကစားသမား တစ်ဦးချင်းစီ၏ Medical Record စာအုပ်ဖြင့် မှတ်တမ်း ပြုစုထားရှိခြင်း

 

၇။ အားကစားသမားများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးနိုင်ရန်အတွက် အရေးပေါ် အသက်ရှူ အကူနည်းသင်တန်းကို ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်နှင့် သူနာပြုများ လာရောက်၍ စာတွေ့/ လက်တွေ့များ၊ သင်တန်းများ ပို့ချပေးခြင်း

 

၈။ B.Sc (Sports) သင်တန်းသားများအား အားကစားဆေးဘက်ပညာ သင်ကြားပို့ချပေးခြင်း

 

၉။ တားမြစ်ဆေးဝါးနှင့် ပတ်သက်၍ အသိပညာပေး သင်တန်း၊ အားကစားနည်းအလိုက် နည်းပြ/ ဒိုင်သင်တန်း၊ GYM & Fitness သင်တန်း၊ အိုလံပစ်သွေးစည်းညီညွတ်ရေး အုပ်ချုပ်မှုသင်တန်းများတွင် အားကစားဆေးပညာသင်တန်းများ ပို့ချပေးခြင်း