အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

အားကစားကွင်းအားကစားရုံဌာနခွဲ

၁။ အားကစားကွင်း/ အားကစားရုံအသစ် တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံ ထိန်းသိမ်းခြင်း

 

၂။ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် နိုင်ငံတော်မှ ခွဲဝေချမှတ်ပေးသော ရန်ပုံငွေနှင့် ပြည်သူများ ထည့်ဝင်သည့် ရန်ပုံငွေများဖြင့် တည်ဆောက်ခြင်း၊ ပြုပြင် မွမ်းမံခြင်း၊ တိုးချဲ့ခြင်းလုပ်ငန်းများကို အားကစားလေ့ကျင့်ယှဉ်ပြိုင်ခြင်းအတွက် လိုအပ်ချက်နှင့်အညီ ဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ခြင်း

 

၃။ မီတာ (၄၀၀)ပြေးလမ်းအပါအဝင် နိုင်ငံတကာ စံချိန်စံညွှန်းမီ အားကစားကွင်းများ မရှိသေးသော မြို့နယ်များ၊ အထက်တန်းကျောင်းရှိသော ကျေးရွာအုပ်စုများတွင် လည်းကောင်း၊ အားကစားကွင်းများ တည်ဆောက်ရေးကိစ္စကို သက်ဆိုင်ရာ မြို့နယ် အားကစားနှင့်ကာယပညာ ကော်မတီများသို့ ထောက်ပံ့ကြေးငွေ ချမှတ်ပေးရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း

 

၄။ အားကစားကွင်း/ အားကစားရုံ တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်းနှင့် ပြုပြင်မွမ်းမံခြင်း တို့အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ လိုအပ်သော အဆောက်အဦပုံစံ၊ ခန့်မှန်းခြေတွက်ချက်မှု၊ ကတိစာချုပ်စာတမ်းနှင့် အခြားလိုအပ်သော အထောက်အထားများ ရရှိရန် ဆောင်ရွက်ခြင်း

 

၅။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အားကစား အဆောက်အဦးများ၏ မြေဂရန်၊ အဆောက်အဦးဂရန်များ ရရှိရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခြင်း

 

၆။ အားကစားနှင့်ကာယပညာဦးစီးဌာန လက်အောက်ရှိ အားကစားကွင်း/ အားကစားရုံများ အစဉ်အမြဲ သန့်ရှင်းမှုရရှိရေး၊ စိမ်းလန်းစိုပြေရေးတို့အတွက် ဆောင်ရွက်ခြင်း

 

၇။ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပသော အားကစားပြိုင်ပွဲများ၊ အဖွဲ့ချုပ်များမှ ကျင်းပသော ပြိုင်ပွဲများနှင့် အခြားဝန်ကြီးဌာနများမှ ကျင်းပသော အားကစားပြိုင်ပွဲများ အတွက် လိုအပ်သော ကွင်း/ ရုံများကို ဌာနမှ စည်းကမ်းသတ်မှတ်ချက်နှင့်အညီ စီစဉ် ဆောင်ရွက်ခြင်း

 

၈။ အထူးလုပ်ငန်းတာဝန်များမှာ အသစ်ဖောက်လုပ်ခြင်း၊ တည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ ထိန်းသိမ်းမွမ်းမံစောင့်ရှောက်ခြင်း၊ အခွန်အခများ ပေးဆောင်ခြင်း၊ အထွေထွေ လုပ်ငန်းများ)

 

၉။ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/ အားကစားရုံ ဌာနခွဲ (နေပြည်တော်)နှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်အောက်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တည်ဆောက် ပြီးစီးသော အားကစားဆိုင်ရာ အဆောက်အဦများမှာ-

(က) မီတာ (၄၀၀) ပြေးလမ်းပါ ဘောလုံးကွင်း (၂၂၇) ကွင်း

(ခ) ရိုးရိုးဘောလုံးကွင်း (၁၅၁) ကွင်း

(ဂ) အားကစားရုံ (၁၇၅) ရုံ

(ဃ) ကြက်တောင်ရုံ (၁၂) ရုံ

(င) အလေးမနှင့် ကာယအလှရုံ (၄၀) ရုံ

(စ) တင်းနစ်ကွင်း (၉၃) ကွင်း

(ဆ) သေနတ်ပစ်ကွင်း (၅) ကွင်း

(ဇ) စက်ဘီးကွင်း (၂) ကွင်း

(ဈ) ခြင်းလုံးရုံ (၁၀) ရုံ

(ည) ရေကူးကန် (၉) ကန်

(ဋ) သိုင်းအားကစားရုံ (၅) ရုံ

(ဌ) လက်ဝှေ့ရုံ (၈) ရုံ

(ဍ) ပိုက်ကျော်ခြင်းရုံ (၅) ရုံ

(ဎ) တိုက်ကွမ်ဒိုရုံ (၅) ရုံ

(ဏ) မြင်းစီးကွင်း (၂) ကွင်း

(တ) မြားပစ်ကွင်း (၂) ကွင်း

(ထ) ဘတ်စကက်ဘောကွင်း (၁၅) ကွင်း

(ဒ) ဘော်လီဘောကွင်း (၁၀) ကွင်း

(ဓ) ဖူဆယ်ကွင်း/ရုံ (၈) ကွင်း/ရုံ

(န) ဂျူဒိုရုံ (၈) ရုံ

(ပ) ကရာတေးဒိုရုံ (၅) ရုံ

(ဝ) ဘိလိယက်၊ စနူကာရုံ (၂) ရုံ