အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်း အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ စကားဝိုင်းနှင့် ဆွေးနွေးပွဲသို့ Virtual စနစ်ဖြင့်တက်ရောက်

နေပြည်တော်၊ ဩဂုတ်(၂၅)။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးဆိုင်ရာ ကလေးသူငယ်များနှင့် အမျိုးသမီးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေး ကတိကဝတ်များအား ကဏ္ဍပေါင်းစုံထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ စကားဝိုင်း (AICHR Cross-Sectoral Dialogue on the Effective Implementation of ASEAN Commitments on Human Rights of Women and Children)ကို မြန်မာစံတော်ချိန် နံနက်(၀၈:၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးဥက္ကဋ္ဌ (SOMY Chair) အဖြစ် ဆောင်ရွက်သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ တာဝန်ရှိသူများက Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။

စကားဝိုင်းတွင် အရှေ့တောင်အာရှဒေသအတွင်း အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများအပေါ် လေ့လာဆန်းစစ်မှုတွေ့ရှိချက်များနှင့် သဘောထားမှတ်ချက်များအားလည်းကောင်း၊ အာဆီယံလူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ်(၄)ကို သက်ဆိုင်ရာ အာဆီယံလုပ်ငန်းအစုအဖွဲ့အလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများအားလည်းကောင်း ဆွေးနွေးခဲ့ကြရာ Session 2 တွင် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဥက္ကဋ္ဌ (SOMY Chair) လူငယ်ရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း၏ အပိုဒ်(၄)နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် အကြံပြုချက်များအား ရှင်းလင်းတင်ပြခဲ့ပြီး မြန်မာစံတော်ချိန် နေ့လယ် (၁၂:၀၀) အချိန်တွင် နံနက်ပိုင်းအခမ်းအနား အစီအစဉ်အား ခေတ္တရပ်နားခဲ့ပါသည်။

ဆက်လက်၍ နေ့လယ်ပိုင်းအစီအစဉ်များကို မြန်မာစံတော်ချိန် နေ့လယ်(၁၃:၃၀)အချိန်တွင် ပြန်လည်စတင်ခဲ့ရာ အာဆီယံဒေသအတွင်းရှိ ထိခိုက်လွယ်အုပ်စုများအတွက် ရွေ့ပြောင်းသွားလာရေးဆိုင်ရာစီမံခန့်ခွဲမှုများနှင့် ၎င်းတို့၏အခွင့်အရေးများအပေါ် လေ့လာဆန်းစစ်မှုများကို‌မျှဝေပေးမည့် အာဆီယံအစိုးရများဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ ရွှေ့ပြောင်းသွားလာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲ (Launching Sharing Findings of the AICHR Study on Migration and Human Rights: “Migration Management for the Most Vulnerable Groups within ASEAN”)ကိုကျင်းပခဲ့ပြီး ညနေ(၁၆:၀၀)အချိန်တွင် ဆွေးနွေးပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။