အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အသက်(၆၀)နှစ်နှင့်အထက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်းများအားတွေ့ဆုံပွဲနှင့်ဂုဏ်ပြုချီးမြှင့်ခြင်းကျင်းပ

တောင်ကြီး၊ မတ်လ(၂၂)ရက်။

ရှမ်းပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်ခဲ့သောအသက်(၆၀)နှစ်နှင့်အထက် အားကစားသမားဟောင်းများအား တွေ့ဆုံဂုဏ်ပြုချီးမြှင့်ခြင်းကို မတ်(၂၂)ရက် နံနက်(၇)နာရီက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

အခမ်းအနားတွင်အသက်(၆၀)နှစ်နှင့်အထက်အားကစားသမားဟောင်းများမှအားကစားနည်းအလိုက်မိတ်ဆက်ကြပြီးရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးကရှမ်းပြည်နယ်ကိုယ်စားပြုပြီးရှမ်းပြည်နယ် ၏ဂုဏ်သိက္ခာနှင့်အောင်မြင်မှုအတွက်အားကစားပြိုင်ပွဲတွင်လူအားဖြင့်လည်းကောင်း၊ငွေအားဖြင့်သော်လည်းကောင်း၊ဝီရိယများနှင့်စိုက်ထုတ်အရင်းအနှီးပြုကာအစွမ်းကုန်ကြိုးစားကစားပေးကြသည့်အတွက်ရှမ်းပြည်နယ်လက်ရွေးစင်ဟောင်း(၁)ဦးချင်းစီကိုအသိအမှတ်ဂုဏ်ပြုပါကြောင်း၊ မိမိကျွမ်းကျင်သည့်အားကစားနည်းများအလိုက်နည်းစနစ်ပိုင်းဆိုင်ရာများ၌သော်လည်းကောင်း၊ မိမိတို့သက်တမ်းတစ်လျှောက်ကြိုးစားခဲ့ရသည့် အားကစားနှင့်ပတ်သက်သည့် အသိဥာဏ်၊ ဗဟုသုတနှင့် အတွေ့အကြုံများကို နောင်လာ နောင်သားအားကစားသမားလူတော်လူကောင်းများသို့ လက်ဆင့်ကမ်းအမွေပေးဝေ၍သော်လည်းကောင်း၊ မိမိတို့နီးစပ်ရာမိးသားစု၊ အသိုင်းအဝိုင်းနှင့်ပတ်ဝန်းကျင်ရှိလူငယ်လူရွယ်များကို ကိုယ်တိုင်တွေ့ကြုံခံစားလာရသည့် အားကစားကိုလေ့လာလိုက်စားခြင်း၏အကျိုးကျေးဇူးများကိုမျှဝေပေး၍အားကစားကိုပါဝင်ဆောင်ရွက်နိုင်ကြရန်ဝိုင်းဝန်းတိုက်တွန်းအားပေးစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အားကစားသမားဟောင်း(၁၉၅)ဦးအတွက် တစ်ဦးလျှင်ငွေ(၁၀၀၀၀၀)ကျပ်နှုန်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို အားကစားနည်းအလိုက် အသက်(၆၀)နှစ်နှင့်အထက် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားဟောင်းများဖြစ်သည့်ဘောလုံး၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ ဘတ်စကက်ဘော၊ သေနတ်ပစ်၊ အလေးမ၊ တင်းနစ်စားပွဲတင်တင်းနစ်၊ စက်ဘီးရိုး၊ ရာခြင်း၊စစ်တုရင်ဘော်လီဘော၊ ကြက်တောင်အားကစားနည်းများအားပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေး၊ပြည်နယ်ဝန်များ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကအသီးသီးချီးမြှင့်ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ်ကိုယ်စားပြုအားကစားသမားများကိုယ်စားတစ်ဦးမှ ဝမ်းသာပီတ်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်ကအားကစားသမားဟောင်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အားကစားအဖွဲ့များမှ ဖျော်ဖြေတင်ဆက်သရုပ်ပြသခဲ့ကြောင်းသိရှိရသည်။