အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ ဇွန်လ(၂၂)ရက်။

နှစ်စဉ် ဇွန်လ(၂၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် 3×3 ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များနှင့်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်(၂:၀၀)နာရီ၌ တာမွေမြို့နယ် အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကဆံ ဘတ်စကက်ဘောအားကစားရုံ၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဘတ်စကက်ဘော အဖွဲ့ချုပ် ဒုတိယဥက္ကဌများ၊ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ကြပါသည်။

ပထမဦးစွာ အသက်(၁၆)နှစ်နှင့်အောက် အမျိုးသားပြိုင်ပွဲ၊ အသက်(၁၈)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲ၊ အသက်(၂၀)နှစ်နှင့်အောက် အမျိုးသား/အမျိုးသမီးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ကျင်းပပြီးနောက် အသက်(၁၆)နှစ်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော Blank အသင်း၊ ဒုတိယရရှိသော Hoops အသင်း၊ တတိယရရှိသော Giants (A)အသင်း၊ အသက်(၁၆)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော ISM အသင်း၊ ဒုတိယရရှိသော Blank အသင်း၊တတိယရရှိသော TGO အသင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော TIG အသင်း၊ ဒုတိယရရှိသော Bean Bag အသင်း၊ တတိယရရှိသော FBL အသင်း၊ အသက်(၂၀)နှစ်နှင့်အောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမရရှိသော Blank အသင်း၊ ဒုတိယရရှိသော Hillbillies အသင်း၊တတိယရရှိသော Rising Boo အသင်း၊ အသက်(၂၀) နှစ်နှင့်အောက် အမျိုးသားပြိုင်ပွဲတွင် ပထမရရှိသော Parabola အသင်း၊ ဒုတိယရရှိသော Dukes အသင်း၊တတိယရရှိသော GIWU အသင်းတို့အား မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ် ဒုတိယဥက္ကဌများဖြစ်ကြသည့် ဦးမြင့်သိန်း၊ ဦးမောင်မောင်မြင့်နှင့် တာ၀န်ရှိပုဂ္ဂိုလ်များက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ပထမရရှိသော အသင်းများအား တံခွန်စိုက်ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။