အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃)သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး၊ သြဂုတ်-၁၇။

၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၏ ဦးဆောင်လမ်းညွှန်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့်အခြေခံရေကူးသင်တန်းအမှတ်စဥ်(၁/၂၀၂၃) သင်တန်းဆင်းပွဲကိုသြဂုတ်(၁၇)ရက်မွန်းလွဲ(၂)နာရီကအား/ကာသိပ္ပံ (တောင်ကြီး) ရေကူးကန်၌ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်ကသင်တန်းကိုဖွင့်လှစ်ရသည့်ရည်ရွယ်ချက်မှာ ကျောင်းသား၊ကျောင်းသူ လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ ကျန်းမာကြံ့ခိုင်ပြီးအရည်သွေးမြှင့်မားသည်အားကစားမောင်မယ်များပေါ်ထွက်လာစေရန်၊ ရေကူးအားကစားနည်းမှထူးချွန်ထက်မြတ်သည့်မျိုးဆက် သစ်ရေကူးအားကစားသမားများပေါ်ထွက်လာစေရန်နှင့်အရေးကြုံကသက်လုံကောင်းစေရန်ရည်ရွယ်၍ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင်ကျား(၂၁)ဦး၊ မ(၁၇)ဦး၊ စုစုပေါင်းသင်တန်းသားသင်တန်းသူ(၃၈)ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် လူငယ်၊လူရွယ်များ အချိန်ကို အကျိုးရှိရှိအသုံးချပြီး ငယ်ရွယ်နုပျိုစဥ်တစ်ကိုယ်ရေကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစားကို လေ့လာလိုက်စားစေရန်အတွက် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ပြည်နယ်အတွက်အားထားရသည့် ရေကူးအားကစားသမားများ ပေါ်ထွက်လာရန်မျှော်လင့်မိပါကြောင်းပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြများဂုဏ်ပြုခြင်း၊ သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းသား၊ သင်တန်းသူများမှ ထူးချွန်ဆု(၂)ဆုတို့ကို ရှမ်းပြည်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်မှ ချီးမြှင့်ပေးပြီးရေကူးနည်းပြဆရာမှ ရေကူးနည်း(၄)မျိုးဖြစ်သည့် လိပ်ပြာကူး၊ ပက်လက်ကူး၊ ရင်မောင်တန်းကူး၊ အလွတ်ကူး (ခေါ်) လက်ပစ်ကူးခြင်းတို့ကို သရုပ်ပြကူခတ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူများမှလည်း သရုပ်ပြကူးခတ်ခဲ့ကြပါသည်။

အဆိုပါသင်တန်းကို ဇူလိုင်လ (၂၆) ရက်နေ့မှ ဩဂုတ်လ (၁၇)ရက်နေ့အထိ သင်တန်းကာလအား (၂၃) ရက်ကြာဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိပါသည်။