အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက် ဓမ္မကျောင်းတော်၌ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ (၁၁)။

အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအနေဖြင့်လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ် များဖြစ်သောလူငယ်များအကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၉:၀၀)နာရီတွင် သဒ္ဓမ္မဝေပုလ္လ ပရိယတ္တိစာသင်တိုက်ဓမ္မကျောင်းတော်၌ “လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်ကဏ္ဍ(၁၆)ရပ်အား ရှင်းလင်းပို့ချခဲ့ပြီး ကျောင်းသားလူငယ်မောင်မယ်များအား ဗဟုသုတမေးခွန်းများ မေးမြန်း၍ ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ထို့နောက်လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းက ကျောင်းသားလူငယ်များအား အသိပညာဗဟုသုတများပြည့်ဝစေရန် လေ့လာသင့်လေ့လာထိုက်သည်များကို အစဥ်အမြဲကြိုးစားလေ့လာသွားကြရန် တိုက်တွန်းပြောကြားခဲ့ပြီးအခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်ဓမ္မကျောင်းတော်မှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစုပေါင်းအင်အား(၂၅၀)ခန့်တက်ရောက်ခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အား အချိုရည်နှင့်အာဟာရမုန့်များ ပေးဝေခဲ့ပါသည်။