အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲ ဆက်လက်ကျင်းပ

လားရှိုးမြို့၊ သြဂုတ် ၂၈ ရက်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် မြန်မာ့ဘတ်စကက်ဘောအားကစားအဆင့်အတန်းတိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရှိစေရေး ၊ မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ကာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်မှ စတင်ကာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ ၊ (၁၂)ရပ်ကွက်ရှိလေ့ကျင့်ရေးအားကစားရုံ၌ အမျိုးသား/အမျိုးသမီး 5×5 ပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ အမျိုးသား 5×5 ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ မကွေးတိုင်းဒေသကြီးအသင်းကို ၁၀၃ မှတ် / ၆၄ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို ၈၁ မှတ် / ၆၈ မှတ်ဖြင့်လည်းကောင်း၊ ကရင်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၈၇ မှတ် / ၄၄ မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိကြပါသည်။

(၂၈.၈.၂၀၂၂)ရက်နေ့ တွင် အမျိုးသမီး 5×5 ကွာတားဖိုင်နယ်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစားလျက်ရှိရာ မကွေးတိုင်းဒေသကြီးအသင်းမှ မန္တလေးတိုင်းဒေသကြီးအသင်းကို ၉၀ မှတ် / ၉ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်း မှ ပဲခူးတိုင်းဒေသကြီးအသင်းကို ၆၃ မှတ် / ၁ မှတ်ဖြင့်လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ရခိုင်ပြည်နယ်အသင်းကို ၅၄ မှတ် / ၁၅ မှတ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၅၁ မှတ် / ၂၆ မှတ်ဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြပြီး ရှမ်းပြည်နယ်အတွင်းရှိ ဘတ်စကက်ဘော အားကစားနည်းကို စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သတင်းရရှိပါသည်။