အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေး၊ ဒီဇင်ဘာ(၁၄)။

မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်း အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၄.၁၂.၂၀၂၂)ရက်နေ့နံနက် (၉း၀၀)နာရီ အချိန်၌ ပြည်ကြီးတံခွန်မြို့နယ်ရှိ လေ့ကျင့်ရေး သင်တန်းခန်းမတွင် ဖွင့်လှစ်ခဲ့ပါသည်၊

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးယဥ်ထွေးမှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာကော်မတီ အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ပြီး သင်တန်းကို (၁၄.၁၂.၂၀၂၂) မှ (၁၄.၁.၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။