အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

လူထုအားကစားနှင့်ပညာပေးဌာနခွဲဲ

၁။ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် ပြည်သူလူထုများ ပါဝင်သည့် လူထုအားကစားလှုပ်ရှားမှုများအဖြစ် နှစ်စဉ်ဒီဇင်ဘာလလူထုစုပေါင်းလမ်းလျှောက်ပွဲ များကို စည်ကားသိုက်မြိုက်စွာ ပြုလုပ်ပေးခြင်းနှင့်အားကစားသည် ကျန်းမာရေးကို တိုက်ရိုက် အထောက်အကူပြုကြောင်း တစ်နိုင်ငံလုံးရှိ ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရေး နှင့် တစ်နှစ်ထက်တစ်နှစ် ပြည်သူများပိုမိုတက်ကြွစွာ ပါဝင်လှုပ်ရှားလာနိုင်စေရေးအတွက် စည်းရုံး ဆောင်ရွက်ခြင်း၊ ဒီဇင်ဘာအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါးနှင့် ရောင်စုံဓါတ်ပုံ ပြိုင်ပွဲများကို ကျင်းပပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်းနှင့် ဒီဇင်ဘာလူထုအားကစား လှုပ်ရှားမှုတွင် အတက်ကြွဆုံး ပါဝင်ဆင်နွှဲသည့် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအား သတ်မှတ်ချက် နှင့်အညီ စီစစ်ပြီး ဆုများချီးမြှင့်ပေးခြင်း

 

၂။ နွေရာသီကျောင်းအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး လူငယ် မောင်မယ်များ ဗလငါးတန် ဖွံ့ဖြိုးပြီး အားကစားအသိစိတ်ဓါတ်ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် မိမိဝါသနာပါသော အားကစားနည်းများကို လေ့ကျင့်လိုက်စားခြင်းမှသည် အမျိုးသားအားကစားအဆင့်အတန်း တိုးတက် မြင့်မားလာစေရန်နှင့် နွေရာသီအားကစားသင်တန်းများမှတဆင့် ဗီဇပါရမီရင့်သန်၍ အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ် လေ့ကျင့်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့် ပေးသွားနိုင်ရေး အား ရည်ရွယ်ပြီး နွေရာသီ အခြေခံ အားကစားသင်တန်းများကို နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်များ၊ မြို့နယ်များတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားအဖွဲ့ချုပ်များနှင့် ပညာရေးဌာနတို့ ပူးပေါင်း ညှိနှိုင်း၍ နွေရာသီအခြေခံ အားကစား သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် ခဲ့ခြင်းနှင့် အားကစားအထောက်အကူပြု ပစ္စည်းများဖြစ်သော ဘောလုံး၊ ဘော်လီဘော၊ ဘော်လီဘောပိုက်၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်းပိုက်နှင့် တီရှပ်အင်္ကျီများကို သက်ဆိုင်ရာ အားကစားနည်းအလိုက် အားကစားပစ္စည်းများ ထောက်ပံ့ပေးခြင်း

 

၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ အားကစားပြိုင်ပွဲမှတ်တမ်းများ၊ အားကစားလှုပ်ရှားမှု မှတ်တမ်းဓါတ်ပုံများ၊ အားကစားအသိပညာပေးဆောင်းပါးများအား လစဉ်ထုတ် Sport Magazine နှင့် အားကစား သတင်းလွှာတို့တွင် ဖော်ပြ၍ အစိုးရအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ အမျိုးသားလွှတ်တော်မှ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်မှ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးချုပ်)မှ အရာထမ်းများ၊ ပြည်နယ်နှင့်တိုင်း အားကစားနှင့်ကာယပညာဦးစီးဌာနများ၊ မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များသို့ လစဉ်ဖြန့်ဝေပေးခြင်း

 

၄။ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် Gold Camp ရှိ ဝန်ထမ်းနှင့် ဝန်ထမ်း မိသားစုများ၊ အားကစားသမားများ၊ ဗဟုသုတတိုးပွားလာစေရန်အတွက် သုတ၊ ရသ စာအုပ်များ၊ ဘာသာရေး စာအုပ်များ၊ မဂ္ဂဇင်းများအား လစဉ်ဝယ်ယူဖြည့်တင်းပြီး စာကြည့်တိုက် ဖွင့်လှစ်ထားရှိခြင်း

 

၅။ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်များ၊ မြို့နယ်များ၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများတွင် အားကစားနည်းများ သင်တန်းပို့ခ ျပေးနိုင်ရေး အတွက် နည်းပြအရာရှိများ၊ အားကစားမှူးများ၊ နည်းပြ (နည်းစနစ်မှူး) များအား သေနတ်ပစ်၊ မြားပစ်၊ ရိုးရာလှေ၊ အပြည်ပြည်ဆိုင်ရာလှေ၊ ဘိလိယက်၊ ပီတန်း၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ လက်ဝှေ့၊ ဗိုဗီနမ်၊ ဘတ်စကတ်ဘော၊ စစ်တုရင်၊ ဘောလုံး၊ Squash၊ နပမ်း၊ ဘော်လီဘော၊ ကရာတေးဒို၊ အလေးမ၊ စက်ဘီး၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ဘိုးလင်း၊ ကြက်တောင်၊ ဂေါက်သီး၊ ဂျူဒို၊ ရွက်လှေ၊ ရေကူး စသည့်အားကစားနည်းအလိုက် လက်စွဲစာအုပ်များ ဖြန့်ဝေပေးခြင်း

 

၆။ ပြည်သူလူထုများ၊ ကျောင်းသား/ ကျောင်းသူများ၊ NGO အဖွဲ့အစည်းများ၊ ပြိုင်ပွဲဝင် အားကစား သမားများ၊ နိုင်ငံပေါင်းစုံမှ လာရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများ၊ မီဒီယာများ ကြည့်ရှုလေ့လာနိုင်စေရန်အတွက် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ Social Zone တွင် မြန်မာ့အားကစားပြတိုက် (စိတ်ဓါတ်မြှင့်တင်ရေးခန်းမ) ၌ အာရှနှင့် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲများတွင် မြန်မာနိုင်ငံမှ ဆုတံဆိပ်ရရှိမှုများ၊ ပြိုင်ပွဲမှတ်တမ်း ဓါတ်ပုံများ၊ ဆုဖလားများ၊ သမိုင်း အစဉ်အလာရှိသည့် ဆုတံဆိပ်များအား ခင်းကျင်းပြသထားခြင်း

 

၇။ အားကစားပြတိုက်နှင့် တစ်ဆက်တည်းတွင် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှု အခြေအနေများ၊ နိုင်ငံတော်သမ္မတမှ ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည့် မှတ်တမ်း ဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်မှု ဦးဆောင်ကော်မတီ နာယက ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းမှ ဦးစီးပြုလုပ်သည့် အစည်းအဝေးများ၊ အားကစားသမားများ လေ့ကျင့်နေမှုနှင့် အားကစားကွင်း/ အားကစားရုံများ ကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးစီးပြုလုပ်သည့် အစည်းအဝေးများ၊ အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနား မှတ်တမ်း ဓါတ်ပုံများ၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ အားကစားကွင်း/ အားကစားရုံများအား ကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ အောင်နိုင်ရေးကော်မတီဥက္ကဌ ဒုတိယဝန်ကြီးဦးသောင်းထိုက်မှ အားကစားသမားများ လေ့ကျင့် နေမှုကို ကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေးနှင့် အားကစားအဖွဲ့ခေါင်းဆောင်များ အစည်းအဝေးပြုလုပ်သည့် မှတ်တမ်းဓါတ်ပုံများ၊ မီးရှူးတိုင်သယ်ယူခြင်း မှတ်တမ်းဓါတ်ပုံများ၊ ဝဏ္ဏသိဒ္ဓိ ဆိုရှယ်ဇုန်နှင့် အားကစားရွာ ဆိုရှယ်ဇုန် ဖွင့်ပွဲ မှတ်တမ်းဓါတ်ပုံများ၊ ကျင်းပရေး ကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးဇော်ဝင်းမှ အားကစားကွင်း/ အားကစားရုံများ လိုက်လံကြည့်ရှု စစ်ဆေးသည့် မှတ်တမ်း ဓါတ်ပုံများ၊ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ အားကစားကွင်း/ အားကစားရုံ များအား ကြည့်ရှုစစ်ဆေးသည့် မှတ်တမ်းဓါတ်ပုံများ၊ နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆု ရရှိခဲ့သူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲဝင်နေမှု မှတ်တမ်း ဓါတ်ပုံများ ပြသထားခြင်း

 

၈။ အားကစားဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၏ ဓါတ်ပုံများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အဆက်ဆက် ဦးဆောင် ခဲ့ကြသည့် ညွှန်ကြားရေးမှူးချုပ်များ၏ ဓါတ်ပုံများ၊ ခေတ်အဆက်ဆက် မြန်မာ့အားကစား လောကကို ဦးစီးဦးဆောင်ပြုခဲ့ကြသူများနှင့် နိုင်ငံတော်အတွက် ဂုဏ်ပြု ထိုက်သော ရွှေတံဆိပ် (၄)ဆုနှင့်အထက် အားကစားသမားများ၏ ကိုယ်တစ်ပိုင်းရုပ်ထုပုံများ၊ ရွှေတံဆိပ် (၂)ဆုနှင့် (၃)ဆုရ အားကစားသမားများ၏ ဓါတ်ပုံများအား မြန်မာ့အားကစား မော်ကွန်းခန်းမတွင် ပြသ ထားခြင်း

 

၉။ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာအားကစားနည်းများအား စုစည်းရှာဖွေ၍ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာအားကစားနည်းများပြခန်း ခေါင်းစဉ်ဖြင့် သီးခြားပြခန်းဖွင့်လှစ်ထားခြင်း၊ အမျိုးသား အားကစားပွဲတော်ပြခန်း၊ ကျောင်းသားအားကစားပွဲတော်ပြခန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများ မှတ်တမ်းဓါတ်ပုံပြခန်းများကို ဆက်လက်ပြသသွားနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိခြင်း

 

၁၀။ အိုလံပစ်အားကစားပြိုင်ပွဲအလိုက် ထည့်သွင်းကျင်းပသည့် အားကစားနည်းများအား ကြည့်ရှု လေ့လာနိုင်စေရေးအတွက် နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲများ၊ ဆောင်းရာသီအိုလံပစ် အားကစား ပြိုင်ပွဲများနှင့် သဲသောင်ပြင်အားကစားနည်းများကိုလည်း အများပြည်သူသိရှိနိုင်ရေး အတွက် ပြခန်းများ ဖွင့်လှစ်ပြသထားခြင်း

 

၁၁။ ပြည်သူ့ပညာပေးရေးနှင့် သတင်းပြန်ကြားရေးအတွက် အားကစားနှင့်ကာယပညာဦးစီးဌာန Official Website ကို spedmyanmar.com domain name ဖြင့် ၁- ၇-၂၀၁၆ မှ စတင်လွှင့်တင် နိုင်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာရှိကြီးများ၏ ပြည်သူ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှုသတင်းများ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ကော်မတီ၊ ဆပ်ကော်မတီများ၏ အားကစားလှုပ်ရှားမှုသတင်းများ၊ အပြည်ပြည်ဆိုင်ရာအားကစား သတင်းများ၊ ပညာပေးလှုံ့ဆော်ခြင်းနှင့် နည်းစနစ်ပိုင်းဆိုင်ရာ သရုပ်ပြအစီအစဉ်များကို ဓါတ်ပုံ၊ ဗီဒီယိုဖိုင်များဖြင့် အချိန်နှင့်တပြေးညီလွှင့်တင်ထားရှိခြင်း၊

 

၁၂။ အစိုးရသစ်လက်ထက်တွင် အားကစားနှင့် ကာယပညာဦးစီးဌာနသည် မြန်မာ့အားကစား Vision ဖြစ်သော တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး အားကစား လှုပ်ရှားမှု၏ အကျိုးကျေးဇူးများကို သိမြင်နားလည်လက်ခံပြီး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လှုပ်ရှား လာစေခြင်းမှသည် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်လာစေပြီး နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်အောင်မြင်မှုများ ရယူကာ နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် Integration အသွင်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေချိန်တွင် ဆောင်ရွက်နိုင်မှု အခြေအနေ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များနှင့် လက်တွဲ၍ မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသော အခြေအနေ များကို ပြည်သူလူထုသို့ အချိန်နှင့်တပြေးညီ တင်ဆက်သွားနိုင်ရန် အားကစားနှင့် ကာယပညာ ဦးစီးဌာန Official Website နှင့် Social Media Network ဖြစ်သော Facebook တို့တွင် အောက်ဖော်ပြပါ ခေါင်းစဉ်များဖြင့် လွှင့်တင်ထုတ်ပြန်အစီရင်ခံလျက်ရှိခြင်း-

(က) Official Website

       spedmyanmar.com. mm

(ခ) Social Media Network Facebook Public Account

    အားကစားကိုချစ်မြတ်နိုးသူများ

(ဂ) Pages များ

    Sports and Physical Education Department

    Myanmar Olympic Committee

    Myanmar Sports

    Sports For All

    Team Myanmar

    Inter Regions and States Sport Tournments

    Institution of Sport and Physical Eduaction

Website များတွင် အားကစားဥပဒေများ၊ အားကစားကွင်း/ ရုံအတိုင်းအတာများ၊ အားကစား နည်းစနစ်နှင့် ကြံ့ခိုင်မှုလေ့ကျင့်ခန်း၊ စာအုပ်/ သရုပ်ပြဗီဒီယိုဖိုင်များ၊ လစဉ်ထုတ် အားကစား သတင်းလွှာများ၊ အပတ်စဉ်ထုတ်အားကစားသတင်းကောက်နုတ်ချက် အစရှိသဖြင့် ပြည်တွင်း/ ပြည်ပ အားကစားသတင်းများကိုလည်း လွှင့်တင်ထုတ်ပြန်ပေးလျက်ရှိခြင်း

 

၁၃။ နေ့စဉ်ထုတ်သတင်းစာများ၊ အားကစားဂျာနယ်များနှင့် Social Network ဖြစ်သည့် Facebook စာမျက်နှာများတွင် ဖော်ပြပါရှိသည့် ပြည်တွင်း/ ပြည်ပအားကစားသတင်းများအနက်မှ သိသင့်သိထိုက်သည့် အားကစားသတင်းများအား ကောက်နုတ်၍ တစ်ပတ်တစ်ကြိမ် ပြည်ထောင်စု ဝန်ကြီးထံတင်ပြခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လစဉ် Newsletter တွင် ထည့်သွင်း ဖော်ပြရန် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲများ၏ သတင်းမှတ်တမ်းဓါတ်ပုံများအား လစဉ် လဆန်း (၃)ရက်နေ့အရောက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ သတင်းလွှာဌာနသို့ ပေးပို့ဆောင်ရွက်လျက်ရှိခြင်း

 

၁၄။ အားကစားနှင့် ကာယပညာဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု အားကစား အသင်း အဖွဲ့များ၏ နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေများ၊ နိုင်ငံတကာပြိုင်ပွဲများအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အားကစားပြိုင်ပွဲများနှင့် ပြည်တွင်းအားကစားပြိုင်ပွဲများ ကျင်းပ ဆောင်ရွက်နေမှုအခြေအနေများအား အများပြည်သူများ လွယ်လင့်တကူ ကြည့်ရှု အားပေးနိုင်စေရေး အတွက် SKY Net Sport 4 Channel တွင် ၂၀၁၆ခုနှစ်၊ မေလ (၁)ရက်နေ့မှ စတင်၍ ထုတ်လွှင့် ပြသလျက်ရှိခြင်း