အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

နေပြည်တော်၊ ဇွန်လ(၂၁)ရက်။

ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိ လူငယ်များဘက်စုံဖွံဖြိုးတိုးတက်ပြီး ဗလငါးတန်နှင့် ပြည့်စုံကာ နိုင်ငံတော်အတွက် အားထားရမည့် နိုင်ငံသားကောင်းရတနာများ ဖြစ်လာစေရန်ရည်ရွယ်၍ ယနေ့ နံနက်(၉)နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် အ.ထ.က(၁၂)ရှိ ကျောင်းခန်းမဆောင်၌ လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူအင်အား (၁၅၀)ခန့် တက်ရောက်ခဲ့ပြီး ပြည်ထောင်စုနယ်မြေ(နေပြည်တော်) အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်မောင်မောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ (နေပြည်တော်) လူငယ်ရေးရာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိုးလင်းမှ လူငယ်အသိပညာပေး အကြောင်းများဟောပြောဆွေးနွေးခဲ့ပါသည်။ ဟောပြောပွဲအပြီးတွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အာကစားနှင့်ကာယပညာ ဦးစီးဌာနမှ စာသင်ကျောင်းအတွက် အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။