အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကျင်းပပြုလုပ်

နေပြည်တော်၊ မေလ (၉) ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းလူရည်ချွန်များဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၉:၃၀)နာရီအချိန်တွင် ဥတ္တရသီရိမြို့နယ်၌ ဖွင့်လှစ်လျက်ရှိသည့် နွေရာသီအားကစား သင်တန်းများတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးမင်းညွန့်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့မှ “ လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့် ဟောပြောကာ အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြပါသည်။

ယင်းနောက် အ.ထ.က(၁၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက တိုက်ကွမ်ဒိုသရုပ် ပြသခြင်းနှင့် အေရိုးဗစ်အကများဖြင့် သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ သင်တန်းသား/ သင်တန်းသူ (၁၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။