လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင် ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်း ကျင်းပပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ(၁၈)။
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် လူတွေ့စစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လုပ်သား၊ ရုံးအကူနှင့် ဓာတ်ပုံကျွမ်းကျင်ရာထူး နေရာများတွင်သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသူ စုစုပေါင်း (၅၄)ဦး လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
![](https://mosya.gov.mm/wp-content/uploads/2023/01/18.1.2023.2-5.jpg)
![](https://mosya.gov.mm/wp-content/uploads/2023/01/18.1.2023.1-6.jpg)
![](https://mosya.gov.mm/wp-content/uploads/2023/01/18.1.2023.3-5.jpg)