အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကျင်းပ

ရွှေဘို၊ ဖေဖော်ဝါရီ ၁၀ ရက်။

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ ခရိုင်လူငယ်ရေးရာကော်မတီနှင့်ပညာရေးဌာနတို့ပူးပေါင်းကာ၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမတွင်၊ ယနေ့နံနက်ပိုင်းက လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်နှင့် ခရိုင်အားကစားနှင့်ကာယပညာဦးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နိုင်နိုင်ဝင်းတို့က လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “ လူငယ်တွေအနေနဲ့ စကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတတွေ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အားကစားလှုပ်ရှားခြင်းဖြင့်ဘက်စုံထူးချွန်ထက်မြက်သည့်လူငယ်များပေါ်ထွန်းလာမည် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ” ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အား/ကာဦးစီးအရာရှိဦးကျော်သူရက ဆွေးနွေးမည့်သူများနှင့်မိတ်ဆက်ပေးကာကျောင်းသား/ကျောင်းသူ(၄)ဦးတို့က အားကစားနှင့်ပတ်သက်သည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ပြီး အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

လူငယ်စကားဝိုင်းသို့ ကျောင်းသား/ကျောင်းသူ(၁၂၀)ဦးကျော် တက်ရောက်ခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရွှေဘိုမြို့အလက(၁)တွင် ခရိုင်လူငယ်ရေးရာကော်မတီနှင့်အခြေခံပညာတို့ပညာတို့ပူးပေါင်းကျင်းပသောအသိပညာပေးဟောပြောပွဲကိုယနေ့နံနက်၁၀နာရီချိန်ကကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ အလက(၁)ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က လူငယ်များအကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ်မြင့်မားရေး၊ဗလငါးတန်ဖွံ့ဖြိုးရေးဆွေးနွေးဟောပြောခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နိုင်နိုင်ဝင်းက အားကစားလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့်ကျန်းမာရေးကောင်းပြီးရည်မှန်းချက်ပန်းတိုင်အရောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊အားကစားပညာရပ်များဖြစ်သော ဘောလုံးကစားခြင်းဆိုင်ရာနည်းစနစ်များ၊ ဘော်လီဘောကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ပြေးခုန်ပစ်ဆိုင်ရာနည်းစနစ်များ၊ စစ်တုရင်ကစားခြင်း နည်းစနစ်များ၊ စားပွဲတင်တင်းနစ် ကစားနည်း စနစ်များအား အသိပညာပေး ဟောပြောခဲ့ပြီး အား/ကာဦးစီးအရာရှိ ဦးကျော်သူဝင်းက အား/ကာသိပ္ပံကျောင်းဖွင့်လှစ်ကာဆောင်ရွက်နေ့သည့်လုပ်ငန်းများအကြောင်းပြောကြားခဲ့ပြီးအား ကစားပစ္စည်းများကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲသို့ကျောင်းသားကျောင်းသူ၇၀ဦးကျော်တက်ရောက်ခဲ့ပြီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှအသိပညာပေးလက်ကမ်းစာဆောင်များဖြန့်ဝေပေးခဲ့ပြီးနံရံကပ်စာစောင်များပြသရာစိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြောင်းသိရသည်။