အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစားသရုပ်ပြပွဲ အခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် (၂၁)ရက်။

ကျောင်းသား/ကျောင်းသူလူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်ရည်ရွယ်၍ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး လမ်းညွှန်မှုဖြင့် လူငယ်ရေးရာဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေနေပြည်တော် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ မွန်းလွဲပိုင်း (၂)နာရီတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအခမ်းအနားကို နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးနှင့်တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူ(၁၁၆၅)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

ဦးစွာ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ ကျောင်းသား/ကျောင်းသူများကို လူငယ်ရေးရာသမိုင်းကြောင်းများ၊ ဖွဲ့စည်းဆောင်ရွက်နေမှုအခြေအနေ၊ လူငယ်ရေးရာကဏ္ဍ(၁၆)ရပ်၊ လူငယ်ရေးရာဌာန၏ ဖွဲ့စည်းပုံများ၊ လူငယ်များ၏အောင်မြင်မှုများ၊ လူငယ်ဆိုင်ရာကဏ္ဍများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်များ၏ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓါတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓါတ်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဖွံ့ဖြိုးလာစေရန်အတွက် လူငယ်ရေးရာဦးစီးဌာန၏ ရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ လူငယ်ရေးရာဦးစီးဌာန ၏ “ လူငယ်အင်အား စွမ်းပကားဖြင့် နိုင်ငံ့ဂုဏ်ရောင် အလင်းဆောင်အံ့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော်နှင့် ပြည်သူကို အကျိုးပြုနိုင်မည့် နိုင်ငံ့သားကောင်း လူရည်ချွန်လေးများ၊ ခေါင်းဆောင်ကောင်းများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ တကယ်ဖြစ်ချင်လျှင် တကယ်လုပ်ပါမှ မိမိတို့၏ ရည်မှန်းချက်များကို အမှန်တကယ် အကောင်အထည် ဖော် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လွင်ဦးနှင့် လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဌေးတို့မှ မိတ်ဆက်စကားပြောကြားခဲ့ပြီးနောက် “ လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဉ်ဖြင့် လူငယ်များအား ခေါင်းဆောင်ကောင်းများဖြစ်အောင်၊ ဗဟုသုတများ ရရှိတိုးပွားအောင်၊ ခေါင်းဆောင်ကောင်းများ၏ အရည်အသွေးများ၊ အရည်အချင်းများအားသိရှိပြီး ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်အောင် ခေါင်းဆောင်မှုပညာရပ်များနှင့်ပတ်သက်ပြီး ဟောပြောပို့ချခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် ဇေယျာသီရိမြို့နယ်၊ အ.ထ.က(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသူလေး များမှ Physical Fitness Dance သရုပ်ပြခဲ့ကြပြီး‌နောက် နေပြည်တော်ခြင်းလုံးဆပ်ကော်မတီ ခြင်းလုံးအဖွဲ့မှ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဖြင့် သရုပ်ပြကစားခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းမှ သရုပ်ပြအဖွဲ့များကို တစ်ဖွဲ့လျှင် ကျပ်(၅)သောင်းစီအား ထောက်ပံ့ပေးအပ်ခဲ့ပြီး တက်ရောက် လာသည့် ကျောင်းသား/ကျောင်းသူများအား လူငယ်ရေးရာဦးစီးဌာန၏ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။