အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားအား ရေကြည်မြို့နယ် အတွင်းရှိတက်ဆိပ်ကျေးရွာ၊ အ.ထ.က(ခွဲ) တက်ဆိပ်ကျောင်း၌ ကျင်းပပြုလုပ်

၁၇.၈.၂၀၂၂ရက်နေ့

လူငယ်ရေးရာဟောပြောပွဲအခမ်းအနားအား ရေကြည်မြို့နယ်အတွင်းရှိတက်ဆိပ်ကျေးရွာ၊ အ.ထ.က(ခွဲ) တက်ဆိပ်ကျောင်း၌ ယနေ့ မွန်းလွဲ ၁:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးမှူးဒေါ်ချယ်ရီမြင့်က” လူငယ်နှင့် အစားအသောက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ငါးသိုင်ချောင်းမြို့ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေက “ အားလပ်ချိန်မှာစာဖတ်ပါ” ခေါင်စဥ်ဖြင့်လည်းကောင်း၊အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက” လူငယ်နှင့်ခေါင်းဆောင်မှု” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ဦးဝေယံထွန်း(နည်းပြ/နည်းစနစ်မှူး)က” အားကစား ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ” ကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက်အားကစားဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် PFD အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ ၃:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။