အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လားရှိုးမြို့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဖိတ်ခေါ် အမျိုးသား အလွတ်တန်း ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

လားရှိုးမြို့၊ ဧပြီ (၄) ရက်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောအမိန့်များနှင့်အညီ ၂၀၂၂ ခုနှစ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ အမျိုးသား အလွတ်တန်း ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ရှမ်းပြည်နယ်အစိုးအဖွဲ့၏လမ်းညွှန်မှုများနှင့် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ယနေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့် ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ဒေသဦးစီးဥက္ကဌများ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ ဒုတိယပြည်နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများ ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် / နည်းပြများ ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဘတ်စကက်ဘောအားကစားဝါသနာရှင်များတက်ရောက်ခဲ့ကြပါသည်။

ဆက်လက်ပြီး ပြိုင်ပွဲ ဗိုလ်လုပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အတွင်းရှိ ကလပ်အသင်းများအပြင် မွန်ပြည်နယ် ၊ စစ် ကိုင်းတိုင်းဒေသကြီး မြန်မာ့လက်ရွေးစင်ကစားသမားများဖြင့်စုဖွဲ့ထားသော K – Box Myanmar အသင်းမှ လာရောက်ကစားခဲ့ကြောင်းသိရှိရပြီး ဗိုလ်လုပွဲ ပွဲစဥ်အဖြစ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားပြုအသင်းများဖြစ်သော Ko Kang အသင်း နှင့် ဖူလီလိုက်အသင်းတို့ ယှဥ်ပြိုင်ကစားကြရာ ဖူလီလိုက်အသင်းမှ Ko Kang အသင်းကို ၆၅ မှတ် / ၈၅ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲသွားပါသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသား အလွတ်တန်း ကလပ်ပေါင်းစုံ ဖိတ်ခေါ် ဘတ်စကက်ဘောပြိုင်ပွဲတွင် ပွဲစဥ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုကို ရရှိသွားသော ဖူလီလိုက်အသင်းမှ ကျောနံပါတ်(၁၀) မောင်အားချန်ကို ဆုငွေကျပ် ၁၀၀၀၀၀ိ/-အား ရှမ်းပြည်နယ်(မြောက်ပိုင်း) ဘတ်စကက်ဘောကော်မတီဥက္ကဌ ဖူလီလိုက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိန်မြင့်မှလည်းကောင်း ၊ စတုတ္ထဆုရရှိသွားသော တန့်ယန်းလူငယ်အသင်းကို ဆုငွေကျပ် ၃၀၀၀၀၀ိ/- အား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးသိန်းဇော်မှလည်းကောင်း ၊ တတိယဆုရရှိသွားသော မွန်ပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မြန်မာ့လက်ရွေးစင်ကစားသမားများဖြင့်စုဖွဲ့ထားသော K – Box Myanmar အသင်းကို တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများအား ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးမြင့်ဆွေမှလည်းကောင်း ၊ ငွေသားဆု ဆုငွေကျပ် ၈၀၀၀၀၀ိ/- အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းမှလည်းကောင်း ၊ ဒုတိယဆုရရှိသွားသော Ko Kang အသင်းကို တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ မှလည်းကောင်း ၊ ငွေသားဆု ဆုငွေကျပ် ၁၀၀၀၀၀၀ိ/- အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်သယံဇာ တရေးရာဝန်ကြီး ဦးစိုင်းလိတ်မှလည်းကောင်း ၊ ပထမဆုရရှိသွားသော ဖူလီလိုက်အသင်းကို တစ်ဦးချင်းဆုတံဆိပ်ဆွဲပြားများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှဦးမှလည်းကောင်း ၊ ငွေသားဆု ဆုငွေကျပ် ၁၅၀၀၀၀၀ိ/- အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဦးအောင်မြင့်မှလည်းကောင်း ၊ တံခွန်စိုက်ဆုဖလားကြီးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း မှ ဆုများအသီးသီးပေးအပ်သွားကြကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါသည်။