အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

လားရှိုးခရိုင်၊ လားရှိုးမြို့တွင် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်

နေပြည်တော် မတ်လ(၂၄)ရက်။

လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ (၂၃.၃.၂၀၂၂) ရက်နေ့ ညနေ (၁၄:၀၀)နာရီအချိန်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးဝန်ကြီးဌာနဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိအရာထမ်းများပူးပေါင်း၍ လားရှိုးခရိုင်၊ လားရှိုးမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းခန်းမဆောင်၌ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းထက်အောင် က ‘လူငယ် နှင့်လွန်စွာအကျိုးများ ကာယပညာနှင့်အားကစား၊ အားကစားအကျိုးကျေးဇူးဖြင့်ဗလ(၅)တန်ဖွံ့ဖြိုးရခြင်း၊ Mobile Networkနှင့် မူးယစ်ဆေးဝါးအန္တရာယ်လျော့ကျစေရန် အားကစားဖြင့်အခြေခံ” ခေါင်းစဉ်များဖြင့်လည်းကောင်း၊ ပညာရေး ဝန်ကြီးဌာန၊ခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည် က လူငယ်/လူရွယ်များအနေဖြင့် ” စိတ်ဓာတ်ကောင်းမွန်စေရေးနှင့် စည်းကမ်းလိုက်နာစေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ခရိုင်ပြန်/ဆက် လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်ကေသွယ်ဟန်” က လူငယ်စာရိတ္တကောင်းမွန်စေရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး” ခေါင်းစဉ် များဖြင့် အသီးသီးဟောပြော ဆွေးနွေးသွားခဲ့ပြီးအမေးအဖြေ ကဏ္ဍတွင်ဆုရ ကျောင်းသူ(၂)ဦးအား ဆုချီးမြှင့်ခြင်းနှင့် အားကစား ပစ္စည်းများထောက်းပံ့ကူညီလှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။