အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် ဘော်လီဘော League ကလပ်ပေါင်းစုံ အမျိုးသား ဘော်လီဘောပြိုင်ပွဲကျင်းပ

တောင်ကြီး၊ဖေဖော်ဝါရီ (၃ )ရက်။

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော အမိန့်အမှတ်များနှင့်အညီ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် ရှမ်းပြည်နယ်အတွင်း မြန်မာ့ဘော်လီဘော အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထောက်ပံ့ပေးလျက် ထူးချွန်ထက်မြက်သော ဘော်လီဘောအားကစားသမားများ ပေါ်ထွက်လာစေရေး၊ ပြည်နယ်အတွင်း အရည်အချင်းမြင့်မားသော ဘော်လီဘောအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်တို့ကို ရည်ရွယ်ပြီး ” SHAN STATE VOLLEYBALL LEAGUE (2022)” ပြိုင်ပွဲကို ( ၁. ၂. ၂၀၂၂ )ရက်နေ့ နံနက် ( ၁၀:၃၀ )နာရီအချိန်တွင် ညောင်ရွှေမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံလေလုံအားကစားရုံအတွင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။