အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ် ခရိုင်၊ မြို့နယ်များတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ်လ(၂၃)ရက်။

နောင်လာမည့် အနာဂတ်တွင် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံ တော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ (၂၃.၃.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီအချိန်တွင် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမဆောင်၌ “ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုးမှ ” အားကစားနှင့်လူငယ်စိတ်ဓာတ်ကောင်းမွန်စေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုမှ လူငယ်/လူရွယ်များအနေဖြင့် ” စိတ်ဓာတ်ကောင်းများပေါ်ထွက်စေရေးနှင့် စည်းကမ်းလိုက်နာစေရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းထွန်းမှ ” လူငယ်စာရိတ္တကောင်းမွန်စေရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး” ခေါင်းစဉ်များဖြင့်လည်းကောင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ရှိ (အ.ထ.က) မိုင်းပျဉ်းတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကိုလည်းကောင်း

ရှမ်းပြည်(တောင်ပိုင်း) ရက်စောက်မြို့နယ် အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက လူငယ်နှင့် ရည်မှန်းချက်၊ စာတတ်ဖို့သာမက ပညာတတ်ဖို့ပါကြိုးစားကြ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကြီးပွားရေးစသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အားကစားမှူး ဦးမြတ်သူက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်စာရိတ္တ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းပြဆရာမ ဒေါ်သင်းသင်းလှိုင်က မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန် ထက်မြက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြပြီး မြို့နယ်အားကစားမှူး ဦးမြတ်သူက အားကစား ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။