အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်နှင့် ကျောက်မဲ ခရိုင်တို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

နေပြည်တော်၊ မတ်လ (၂၂)ရက်။

ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ပြီး နောင်တစ်ချိန်တွင် နိုင်ငံတော်ကအားထားရသည့် လူကောင်းလူတော်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မတ်လ (၁၉) ရက် နံနက်  ( ၁၁ ) နာရီတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း(ကျေးသီး) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်မြတ်က လူငယ်များစိတ်ဓာတ်နှင့် စည်း ကမ်းကောင်းမွန်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးတင်မျိုးလွင်က အားကစားနှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးဝင်းက စာတတ်ဖို့ သာမက ပညာတတ်ဖို့ပါကြိုးစားကြ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမတွင် မတ်လ (၁၉)ရက်၊ နေ့လည် (၂)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းသန်းသန်းနွယ်က အားကစားနှင့်လူငယ်စိတ်ဓာတ်ကောင်းမွန်ရေး ခေါင်းစဉ်ဖြင့်လည်ကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က အကျင့် စာရိတ္တကောင်းမွန်စေရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ဖြစ်ပေါ်လာစေရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းဝင်းက စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စည်းကမ်းလိုက်နာရေး ခေါင်းစဥ်အသီးသီးဖြင့် ဟောပြောခဲ့ကြပြီး အခမ်းအနားသို့ အထက(၂)/အလက(၄)ကျောင်းများမှ ဆရာ/ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရပါသည်။

မတ်လ (၂၁) ရက်နေ့ ၊ နံနက် ( ၁၁ )နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ် အမှတ် (၁) အခြေခံ ပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ မတ်လ (၂၁) ရက်နေ့ ၊ နံနက် ( ၁၁ )နာရီက လူငယ်ရေးရာအသိပညာပေး ဟော ပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဦးခမ်းမှ ယနေ့လူငယ် များသည် အနာဂတ် နိုင်ငံတော်ကို ပုခုံးပြောင်းတာဝန်ယူကြရမည့်သူများဖြစ်ရာ လူငယ်များ အနေဖြင့် ပညာရည်မြင့်မားရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ မျိုးချစ်စိတ်ဓာတ် ရှက်သန် ထက်မြက်ရေးနှင့် ဗလငါးတန် ဖွံဖြိုးရန်လိုအပ်ကြောင်း၊ မကြာမီကာလတွင် စာမေးပွဲဖြေပြီး၍ နွေရာသီကျောင်းပိတ်ရက် ရောက်ရှိ တော့မည်ဖြစ်ရာ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် အရေးကြီးကြောင်းဟောပြောခဲ့ပြီး၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင်မှ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန် အားကစား ပြုလုပ်ကြ စေလိုကြောင်း၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများပေါ်ထွက်လာစေရန် နွေရာသီ အားကစား သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ အားကစားပြုလုပ်ခြင်းကြောင်း ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ လူငယ်နှင့် အားကစားဆိုင်ရာများကို ဆွေနွေးဟောပြောခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဒေါက်တာမြင့်မြင့်အေးက စိတ်ဓာတ်ကောင်းများပေါ်ထွက်ရေးနှင့် စာရိတ္တကောင်းမွန်ရေး ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ကြပြီး မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြသပြီး အားကစားပစ္စည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညိုညိုခင်မှ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင် မှလက်ခံရယူခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ များ ကျောင်းသား/ ကျောင်းသူများ အင်အား (၁၀၀) ခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

(၂၁.၃.၂၀၂၂) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ လဲချားမြို့ (အထက-လဲချား)ကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်၍ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။