အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

တောင်ကြီး၊ဒီဇင်ဘာ (၇) ရက်။
၂၀၂၁ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်း ပေါင်းစုံ Fitness Dance ပြိုင်ပွဲ ဖွင့်ပွဲကို ဒီဇင်ဘာ(၇)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအား ကစားရုံ၌ ကျင်းပသည်။
ပထမဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင် အားကစားသမားများက ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်ပြီး လုပ်ငန်းခွင်တွင် ပိုမိုပျော်ရွှင်စေရန်၊ စိတ်ဖိစီးမှုများလျော့ကျစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အားလုံး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အပြင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်လာစေသည်သာမက ရောဂါအမျိုးမျိုးကို ကာကွယ်ခြင်းနှင့် ပြန်လည် ကျန်းမာအောင် ပျိုးထောင်ခြင်းတို့အတွက် ဆေးစွမ်းတစ်လက်ဖြစ်ကြောင်း သိမြင်သဘောပေါက်လာပြီး လက်တွေ့ ဆောင်ရွက်လာစေရန် Fitness Dance ပြိုင်ပွဲအား ရည်ရွယ်ကျင်းပရခြင်း ဖြစ်ပါကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲကိုစတင်ဖွင့်လှစ်ပေး လိုက်ကြောင်းသိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ တိုင်းမှူး ဗိုလ်မှူးချုပ်နီ လင်းအောင်နှင့် ပြည်နယ်ဝန်ကြီး များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ကြပြီး အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ တောင်ကြီး Fitness Dance အဖွဲ့နှင့် အေးသာယာအားကာသိပ္ပံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများမှ Fitness Dance သရုပ်ပြဖျော်ဖြေမှု များကိုကြည့်ရှုအားပေးကြသည်။ အဆိုပါ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ဌာနပေါင်းစုံနှင့် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲတွင်ဌာနဆိုင်ရာမှ(၁၀)သင်း၊ အခြေခံကျောင်းပေါင်းစုံမှ (၂၁)သင်း၊ စုစုပေါင်း (၃၁)သင်း ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
၎င်းနောက် ဆုချီးမြင့်ပွဲကျင်းပရာ အခြေခံပညာကျောင်းပေါင်းစုံ နှစ်သိမ့်ဆုရအသင်းများအား တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၏ ဇနီးမှ ဆုချီးမြှင့်ပေးရာ ပညာရေးဌာနမှ တာဝန်ရှိသူ(၁)ဦးမှလက်ခံ ရယူ၍လည်းကောင်း၊ တတိယဆုရရှိသော ဆည်ကြီးပန်းတော(က)အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၂)သိန်း တို့ကို ပြည်နယ်လူမှုရေးဝန်ကြီး၏ ဇနီးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော အထက(နားဘောင်)အသင်း အား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၃)သိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ ဇနီးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော အားကာသိပ္ပံ(တောင်ကြီး)အသင်းအား ဆုတံဆိပ်၊ ငွေသားကျပ် (၄)သိန်းနှင့် ပထမဆု ဖလားတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါက်တာခင်ခင်ထူးမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ နှစ်သိမ့်ဆု ရရှိသော ဝန်ထမ်းပေါင်းစုံအသင်းတို့အား ငွေကျပ်(၁)သိန်းစီတို့ကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တတိယဆုရရှိသော မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်းတို့ကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ပြည်နယ်ပညာရေးအသင်းအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၃)သိန်းတို့ကို ပြည်နယ် လူမှုရေးဝန်ကြီးမှဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော မီးသတ်တပ်ဖွဲ့ဝင်အသင်းအား ဆုတံဆိပ်၊ ငွေသား ကျပ်(၅)သိန်းနှင့် ပထမဆုဖလားတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းမှ ချီးမြှင့်ပေးကြောင်းသိရသည်။