အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရေကြည်မြို့နယ်အတွင်းရှိ ဒေါင်ကြီးကျေးရွာ၊ (အ.ထ.က)ခွဲ ဒေါင့်ကြီးကျောင်း၌လူငယ်ရေးရာဟောပြောပွဲအခမ်းအနားကျင်းပ

အဆိုပါဟောပြောပွဲအခမ်းအနားကို ရေကြည်မြို့နယ်အတွင်းရှိ ဒေါင်ကြီးကျေးရွာ၊ (အ.ထ.က)ခွဲ ဒေါင့်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်ညိုညိုမြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ငါးသိုင်းချောင်းမြို့ ပြန်/ဆက်ဦးစီးမှူးဒေါ်နှင်းယုဝေက “ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရေကြည်မြို့နယ် အားကစားမှူး ဒေါ်နှင်းနှင်းအေးက “ လူငယ်နှင့်ခေါင်းဆောင်မှု“ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အားကစားအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ ဒေါင့်ကြီးကျေးရွာ ကျန်းမာရေးမှူး ဦးလှစိန်နှင့် ကျန်းမာရေးမှူး ဦးမြသိန်းတို့က ကျန်းမာရေးဆိုင်ရာများ အသိပညာပေးဟောပြောခြင်းတို့ဖြင့် အသီးသီးပြောကြားခဲ့ပြီး မြို့နယ်အား/ကာမှ အားကစားအထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပါသည်။

ထို့နောက် အားကစားဆိုင်ရာအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် PFD အကများ၊ EIM “ ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး” အစီအစဥ်ကို ပျော်ရွှင်စွာစုပေါင်းဆင်နွှဲခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂:၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အင်အား(၁၅၀)ဦးတက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။