အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်၊ စက်တင်ဘာ ၈။

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို (၈.၉.၂၀၂၃)ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ISH အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ရန်ကုန်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က အမှာစကားပြောကြားပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟောင်းများအသင်းမှ ဘော်လီဘောလက်ရွေးစင်ဟောင်း ဦးစိုးသိန်းက အားကစားနှင့်လူငယ်ဘဝမြှင့်တင် ခေါင်းစဥ်ဖြင့် ဟောပြောခဲ့ရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီက ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီနှင့် ဒေါက်တာချောချောစိန်တို့က လက်ခံရယူခဲ့ကြပြီးဒုတိယ ပါမောက္ခချုပ် ဒေါက်တာမင်းမင်းရီမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာ့သိုင်းအားကစားအဖွဲ့၊ တိုက်ကွမ်ဒိုအားကစားအဖွဲ့နှင့် အေရိုးဗစ်အားကစားအဖွဲ့တို့မှ အားကစားသရုပ်ပြသခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချောချောစိန်တို့မှသရုပ်ပြအားကစားအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ဧကရီဆောင် ကျောင်းသူလေးများက အကများဖြင့် ဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။