အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလားလျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ်လှေလှော်ပြိုင်ပွဲနှင့်အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ရန်ကုန်၊ နိုဝင်ဘာလ(၄) ရက်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား လျှပ်တစ်ပြက်ဖိတ်ခေါ်လက်ရည်စစ် လှေလှော်ပြိုင်ကို ယနေ့နံနက်(၈) နာရီတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အင်းလျားကန်၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ ဖိတ်ကြားထားသော မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ် ဥက္ကဌ၊ ဒုတိယ ဥက္ကဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

အစီအစဉ်အရ အပြည်ပြည်ဆိုင်ရာ လှေ(၁)ယောက်လှော် အမျိုးသား မီတာ(၂၀၀) ၊ (၂) ယောက်လှော် အမျိုးသား မီတာ(၂၀၀)၊ အမျိုးသား မီတာ(၂၀၀) ငါးမြွေထိုးလှေ(၅) ယောက်လှော်၊ အမျိုးသမီး မီတာ(၂၀၀) ငါးမြွေထိုးလှေ(၅) ယောက်လှော် ၊ အမျိုးသား မီတာ(၂၀၀) (Dragon Boat) (၆) ယောက်လှော် ၊ အမျိုးသမီး မီတာ(၂၀၀) (Dragon Boat) (၆) ယောက်လှော် ၊ အမျိုးသား မီတာ(၂၀၀) (Dragon Boat) (၁၂)ယောက်လှော် ပြိင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်းနှင့် မြန်မာနိုင်ငံစားပွဲတင် တင်းနစ်အဖွဲ့ချုပ် ဥက္ကဌ ဦးကျော်ကျော်တို့မှ အပြည်ပြည်ဆိုင်ရာ လှေ(၁)ယောက်လှော် အမျိုးသား မီတာ(၂၀၀) ပြိုင်ပွဲတွင် ပထမဆုရရှိသော ဝေယံမိုး ၊ ဒုတိယဆုရရှိသော ဂေါ်မူးသ၊ တတိယဆုရရှိသောအောင်မျိုးထွန်းတို့အားလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် မြန်မာနိုင်ငံအလေးမ အဖွဲ့ချုပ် ဥက္ကဌ ဦးဥဂ္ဂါအေးတို့မှ အပြည်ပြည်ဆိုင်ရာ လှေ(၂)ယောက်လှော် အမျိုးသား မီတာ(၂၀၀) ပြိုင်ပွဲတွင် ပထမဆုရရှိသော (အောင်မျိုးထွန်း+ရဝေထွန်း)၊ ဒုတိယဆု ရရှိသော (ဝေယံမိုး+ဂေါ်မူးသ)၊တတိယဆုရရှိသော (နေမျိုးလှိုင်+ဇော်မျိုးသူ) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်နှင့် မြန်မာနိုင်ငံသေနတ်ပစ် အဖွဲ့ချုပ်ဥက္ကဌ ဦးကျော်မိုးဝင်းတို့မှ အပြည်ပြည်ဆိုင်ရာ (၂) တက်လှော် အမျိုးသား မီတာ(၂၀၀) ပြိုင်ပွဲတွင် ပထမဆုရရှိသော (ဝေယံမိုး+ဂေါ်မူးသ) ၊ ဒုတိယဆု ရရှိသော (အောင်မျိုးထွန်း+ ရဝေထွန်း) ၊တတိယဆုရရှိသော (ဇော်မျိုးသူ+နေမျိုးလှိုင်) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးဇော်ဝင်းနှင့် မြန်မာနိုင်ငံ အားကစားမီဒီယာအဖွဲ့ချုပ် ဥက္ကဌ ဦးဉာဏ်ထွန်းတို့မှ အမျိုးသား မီတာ(၂၀၀) ငါးမြွေထိုးလှေ(၅) ယောက်လှော် ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေးစင်ဟောင်း(က) အသင်း၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လက်ရွေးစင် (က) အသင်း၊ တတိယဆုရရှိသော လက်ရွေးစင် ဟောင်း(ခ)အသင်းတို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီပွားရေးဝန်ကြီး ဦးအောင်သန်းဦးနှင့် မြန်မာနိုင်ငံမြားပစ် အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးကျော်ဦးတို့မှ အမျိုးသမီး မီတာ(၂၀၀) ငါးမြွေထိုး လှေ (၅) ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော (လင်းလင်းကျော်နှင့် အဖွဲ့)၊ ဒုတိယဆု ရရှိသော (အေးအေးသိန်းနှင့် အဖွဲ့)၊ တတိယဆုရရှိသော( စန္ဒာရွှေနှင့် အဖွဲ့) တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဘိုဌေးနှင့် မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်ခင်လေးမွန်တို့မှ အမျိုးသား မီတာ(၂၀၀) (Dragon Boat) (၆) ယောက်လှော် ပြိုင်ပွဲတွင် ပထမဆုရရှိသော လက်ရွေးစင်ဟောင်း(က) အသင်း၊ ဒုတိယဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လက်ရွေးစင် (က) အသင်း၊ တတိယဆု ရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လက်ရွေးစင်(ခ)အသင်း တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် နှင့် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးမျိုးဆွေသိန်းတို့မှ အမျိုးသမီး မီတာ(၂၀၀) (Dragon Boat) (၆) ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော (အေးအေးသိန်းနှင့် အဖွဲ့)၊ ဒုတ်ယဆုရရှိသော (သီတာဦးနှင့် အဖွဲ့)၊ တတိယဆု ရရှိသော (စန္ဒာရွှေနှင့် အဖွဲ့) တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုး မှ အမျိုးသား မီတာ(၂၀၀) (Dragon Boat) (၁၂)ယောက်လှော်ပြိုင်ပွဲတွင် ပထမဆုရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လက်ရွေးစင်အသင်း၊ ဒုတိယဆုရရှိသော လက်ရွေးစင်ဟောင်းများအသင်းတို့အာ ဆုများပေးအပ် ပြီးနောက် ပထမ တံခွန်စိုက် ဆုဖလားရရှိသော လက်ရွေးစင်ဟောင်းများအသင်း၊ ဒုတိယ တံခွန်စိုက်ဆုဖလားရရှိသော မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အသင်းတို့အား အသီးသီးဆုများ ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲများကို (၄.၁၁.၂၀၂၁) ရက်နေ့မှ (၆.၁၁.၂၀၂၁) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပါသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးလှစိုးနှင့် အစိုးရအဖွဲ့ ဝန်ကြီးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ မှ ဥက္ကဌ၊ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့သည် နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်ဥက္ကလာ မြို့နယ်၊ ပဒေသာအားကစားကွင်း (၄)ထပ်ဆောင်သို့ရောက်ရှိ၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှစိုးမှ အကြီးတန်းအကောင်းဆုံးသင်တန်းသူဆုရရှိသော အရှေ့ပိုင်းခရိုင်မှ မမိုးရတနာနှင့် အငယ်တန်းအကောင်းဆုံး သင်တန်းသူ ဆု ရရှိသူ မြောက်ပိုင်းခရိုင်မှ မသင်းသီရိအောင် တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းတရားလွှတ်တော် တရားသူကြီး ဦးကျော်စွာငြိမ်းမှ သင်တန်းနည်းပြဆရာမ ဒေါ်ခိုင်ဇာဝေအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးမှ သင်တန်းနည်းပြဆရာမ ဒေါ်မီမီအေးနိုင်အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်းမှ သင်တန်းနည်းပြဆရာမ ဒေါနှင်းအိလွင်အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင်မှ သင်တန်းနည်းပြဆရာမ ဒေါ်ဝင်းသော်တာတို့အား ဂုဏ်ပြု လက်ဆောင်များ အသီးသီး ချီးမြှင့်ခဲ့ပါသည်။

ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ချုပ် ဆပ်ကော်မတီ အတွင်းရေးမှူး ဒေါ်သီတာခိုင် မှ (၁) ဦးလျှင် ကျပ် (၅၀၀၀၀ိ/-) ထပ်ဆောင်းချီးမြှင့်ခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၄) ထပ်ဆောင် အတွင်းရှိ အားကစား နည်းအလိုက်ထားရှိသော အခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဘောလုံးကွင်းအတွင်းရှိ ပြေးလမ်း၊ ပတ်လမ်း၊ ပွဲကြည့်စင်နှင့် ဘေးပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။