အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းမှ (၁၄)ကြိမ်မြောက် အာရှနဂါးလှေလှော်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားတွေ့ဆုံအားပေးစကားပြောကြား

ရန်ကုန်၊ နိုဝင်ဘာလ(၁၅)ရက်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ထိုင်းနိုင်ငံ၊ပတ္တရားမြို့တွင် ၂၀၂၂ခုနှစ်၊နိုဝင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၄)ကြိမ်မြောက်အာရှနဂါးလှေလှော်ပြိုင်ပွဲ (14th ASIAN Dragon Boat Championship) နှင့် ဘန်ကောက်မြို့၊ ကျောက်ဖရားမြစ်တွင် နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ထိုင်းရိုးရာလှေလှော်ပြိုင်ပွဲ (Thailand Traditional Boat and International Swan Boat Race 2022)သို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလှေလှော်အားကစားအဖွဲ့အား တွေ့ဆုံအားပေးစကားပြောကြားခြင်း အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က ရန်ကုန်မြို့ အင်းယားကန်ရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ရုံး၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်း၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ အသင်းအုပ်ချုပ်နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ရှေးဦးစွာ အသင်းအုပ်ချုပ်သူ/နည်းပြများ၊ အားကစားသမားများနှင့် မိတ်ဆက်ပေးပြီး မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဌ ဦးသောင်းထိုက်မင်းက ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်ဦးစိုးသိန်းက နိုင်ငံ့ဂုဏ်ကို ဆောင်ရွက်ရန် အနိုင်ယူလိုသောစိတ်ဖြင့် ကြိုးပမ်းဆောင်ရွက်ရန်၊ ကျန်းမာရေးဂရုစိုက်ရန်နှင့် ကိုယ့်အချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ် စိတ်ဝမ်းမကွဲစေဘဲ သည်းခံစိတ်ထားဖို့နဲ့ အုပ်ချုပ်နည်းပြများရဲ့ စကားနားထောင်ရန် လိုအပ်ကြောင်းပြောကြားပြီး အားကစားသမားများ ပြိုင်ပွဲဝင်စိတ်ဓာတ်တက်ကြွစေရန် ဝန်ကြီးချုပ်မှ ဦးဆောင်၍ သံပြိုင်ဟစ်ကြွေးကြပြီးနောက် အားကစားသမားတစ်ဦးလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် အယောက်(၄၀)ဦးအတွက် ကျပ်သိန်း(၄၀)အား ပေးအပ်ရာ ဥက္ကဋ္ဌနှင့် အားကစားသမားများကလက်ခံရယူခဲ့ကြောင်းသိရှိရပါသည်။