အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရခိုင်ပြည်နယ် ခရိုင်၊ မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်

ဘူးသီးတောင် မတ်လ(၂၃) ရက်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအဖြစ် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီး ဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲ(၁၁:၃၀)နာရီက ဘူးသီးတောင်မြို့ ၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မေယုရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘူးသီးတောင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်မှ “အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာ သန်းက “လူငယ်နှင့်အားကစား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက(၁) ကျောင်းအုပ် ဆရာကြီး ဦးကြည်ဝင်းက “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဆိုသည့် ခေါင်းစဥ်ဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ဥမ္မာသန်းက အားကစားပစ္စည်းများ ပေးအပ်ရာ အထက(၁)ကျောင်းအုပ် ဆရာကြီး ဦးကြည်ဝင်း က လက်ခံ ရယူခဲ့ကြောင်း သိရှိရပါသည်။

(၂၁.၃.၂၀၂၂) ရက်နေ့တွင် စစ်တွေခရိုင်၊ စစ်တွေမြို့၊(အထကခွဲ-မကျည်းမြိုင်)၌ ခရိုင်ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်/ဆက်ဦးစီးဌာနတို့ပူးပေါင်း၍ “ လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ” များကို ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။