အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

Loading

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်တွင် “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်

နေပြည်တော်၊ မတ်လ (၂၁) ရက်။

လူငယ်များကို အနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၁) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်ရှိ အ. ထ.က(၂) အခြေခံပညာ အထက်တန်းကျောင်း၌ “ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် အထက (၂)ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကားပြော ကြားခဲ့ပြီးနောက် မောင်တောခရိုင် အားက စားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွေ မှ အားကစားနှင့်စိတ်ဓါတ်မြင့်မားရေးအကြောင်း၊ မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစောလွင်မှ အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် တိုင်းချစ်ပြည်ချစ်စိတ်ထက်သန်ရေးအကြောင်း၊ မောင်တောခရိုင် ခရိုင်ပညာရေးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝေသိန်းမှ စိတ်ဓါတ်ကောင်းမွန်ရေးနှင့် စည်းကမ်းကောင်းမွန်ရေးအကြောင်း၊ တို့ဖြင့် အသီးသီးဟောပြောခဲ့ကြပြီး မောင်တောခရိုင်အား/ကာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ အ.ထ.က(၂)ကျောင်းအုပ်ကြီးအား အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။