အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁)

၁။ လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီမှ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ပိုက်ကျော်ခြင်း(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ လွန်ဆွဲ(အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲများကို အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်း၍ တာဝန်ယူကျင်းပခြင်း

 

၂။ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှကြီးမှူး ကျင်းပသောမြန်မာနိုင်ငံအိုလံပစ်ကော်မတီဉက္ကဌဖလားနှင့်အမျိုးသားတံခွန်စိုက်ပြိုင်ပွဲ များအားကျင်းပခြင်း

 

၃။ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများ၊ အဖွဲ့ချုပ်ဉက္ကဌဖလား အားကစား ပြိုင်ပွဲများကို သက်ဆိုင်ရာ အဖွဲ့ချုပ်များနှင့် ပူးပေါင်းကျင်းပခြင်း

 

၄။ နှစ်စဉ် ဇွန်လ (၂၃)ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ၊ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းကျင်းပခြင်း

 

၅။ နေပြည်တော်ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲများကို သက်ဆိုင်ရာ အဖွဲ့ချုပ် များနှင့်ပူးပေါင်းကျင်းပခြင်း

 

၆။ ဌာနအကြီးအကဲ၏ လမ်းညွှန်ချက်အရ အမျိုးသားအားကစားပွဲတော်ကို (၂)နှစ် တစ်ကြိမ် ကျင်းပခြင်း

 

၇။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံတကာ အားကစားပြိုင်ပွဲများ အတွက် ပြည် ဝင်ခွင့်/ ဆိုက်ရောက် ဗီဇာတောင်းခံပေးခြင်း၊ လုံခြုံရေး ကိစ္စများ တောင်းခံပေးခြင်း၊ TV Spot ထုတ်လွှင့်ပေးနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ မော်တော်ယာဉ် ငှားရမ်းသုံးစွဲခွင့်ရအောင် ဆောင်ရွက်ပေးခြင်း၊ စက်သုံးဆီ ဝယ်ယူခွင့် ဆောင်ရွက်ပေးခြင်း၊ ပြိုင်ပွဲဝင် နိုင်ငံအလံများ လွှင့်ထူနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ဆက်သွယ်ရေးလုပ်ငန်း ဆိုင်ရာများ (Internet, Wifi တပ်ဆင်ရေးနှင့် SIM Card များ ရောင်းချပေးနိုင်ရေး) ဆောင်ရွက်ပေးခြင်း၊ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနားများ အောင်မြင်စွာ ပြီးမြောက်နိုင်ရေး ဆောင်ရွက်ပေးခြင်း

 

၈။ နိုင်ငံ့ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမားများအား လေ့ကျင့်သင်ကြား ပေးနိုင်ရေးအတွက် ပြည်ပမှ နည်းပြဆရာများနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ပြည်ဝင်ခွင့် ဗီဇာ၊ On arrival Visea၊ နေထိုင်ခွင့်သက်တမ်း၊ လစာ ထုတ်ယူရရှိရေးများ ဆောင်ရွက်ခြင်း

 

၉။ အားကစားအဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းနိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲနှင့် ပတ်သက်၍ အားကစားအဖွဲ့ချုပ်များနှင့် ညှိနှိုင်းဆောင်ရွက် ခြင်း၊ နွေရာသီ အခြေခံအားကစားသင်တန်းတွင် နည်းပြရရှိရေး၊ သရုပ်ပြသနိုင်ရေး တို့အတွက် အဖွဲ့ချုပ်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်ခြင်း။