အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန

ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၂)

၁။ အိုလံပစ်အားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင်များနှင့် လူငယ်လက်ရွေးစင်များအား စခန်းသွင်းလေ့ကျင့်စေခြင်း

 

၂။ စခန်းဝင်လေ့ကျင့်မည့် အားကစားသမားများ၏ အုပ်ချုပ်မူဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ခြင်း (နေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေး၊ လေ့ကျင့်ရေး၊ သက်သာချောင်ချိရေး)

 

၃။ ပြည်တွင်း၊ ပြည်ပ အားကစားပြိုင်ပွဲများမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဌာနမှဖွင့်လှစ်သည့် သင်တန်းသားများ၏ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး ကိစ္စရပ်များ စီစဉ်ဆောင်ရွက်ခြင်း

 

၄။ နေပြည်တော်အားကစား လေ့ကျင့်ရေးစခန်းတွင် တည်းခိုပြီး ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲယှဉ်ပြိုင်ကြသည့် အားကစားသမားများအား သက်ဆိုင်ရာ အားကစားကွင်း/ အားကစားရုံများသို့ စီစဉ်ပို့ဆောင်ပေးခြင်း

 

၅။ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမား၏ (ကိုယ်ရေးအချက်အလက်၊ လအလိုက်လေ့ကျင့်မူ၊ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မူမှတ်တမ်း၊ အားကစားနည်းအလိုက် လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းများရရှိရေး) တို့အား ဆောင်ရွက်ခြင်း